Powered by Blogger.

Twitter မှာ ဓါတ်ပုံတင်ရင် Crop ပြုလုပ်စရာ မလိုတော့




တနလာင်္နေ့ကပဲ Twitter ကုမ္မဏီက ထုတ်ဖော်ကြေညာခဲ့တာက သူတို့ရဲ့ ၀က်ဘ်ဆိုက် အသွင်အပြင်ကို အနည်းငယ် ပြောင်းလဲမှုတွေလုပ်ထားပြီး သုံးစွဲသူတွေကိုလည်း ဓါတ်ပုံနဲ့ ပတ်သက်တဲ့ အတွေ့အကြုံသစ်တွေကို ပေးသွားမယ် ဆိုတာပါပဲ။

Micro-Blogging လို့တင်စားထားတဲ့ လူမှုမီဒီယာ ဖြစ်တဲ့ Twitter ဟာ ဓါတ်ပုံပါဝင်တဲ့ Tweet တွေမှာ ဓါတ်ပုံတွေကို Crop ပြုလုပ်ခြင်း လုပ်ဆောင်ချက်ကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ ထည့်သွင်း ကြေညာခဲ့ပါတယ်။ အရင်တုန်းကတော့ Twitter မှာ ဓါတ်ပုံပါဝင်တဲ့ Tweet တွေရေးသားတဲ့အခါမှာ News Feed နဲ့ Timeline မှာ ဖော်ပြရတာ အဆင်ပြေစေဖို့ ဓါတ်ပုံတွေကို Crop လုပ်ခဲ့ရပါတယ်။

ဘလော့ဂ် ပို့စ် တစ်ခုအတွင်းမှာ ထည့်သွင်း ပြောကြားခဲ့တာကတော့ ထို ၀က်ဘ်ဆိုက် အသွင်အပြင် အသစ်ဟာ သုံးစွဲသူရဲ့ Timeline ကို အရင်ထက်ပိုပြီးခန့်ညားသွားစေမှာဖြစ်တယ်လို့ ပါဝင်ပါတယ်။

အကယ်၍ Tweet ထဲမှာ ထည့်သွင်းတဲ့ ဓါတ်ပုံအရေအတွက်က တစ်ပုံထက်ပိုနေတဲ့အခါမှာ Crop ပြုလုပ်ထားခြင်းမရှိတဲ့ ဓါတ်ပုံနဲ့ အခြား Crop ပြုလုပ်ထားခြင်း မရှိတဲ့ ဓါတ်ပုံတွေကို ဆိုက်ဇ် အနည်းငယ်ချုံ့ပြီး ဖော်ပြမှာဖြစ်ပါတယ်။ Facebook နဲ့တော့ လုပ်ဆောင်ချက်ခြင်း အနည်းငယ် ဆင်တူနေပါတယ်။

Twitter ရဲ့ ထုတ်လုပ်ရေးမန်နေဂျာဖြစ်တဲ့ Akarshan Kumar က ပြောပြခဲ့တာကတော့ "ဒီနေ့ကစပြီး ကျွန်တော်တို့ဟာ Twitter.com ရဲ့ Timeline တွေကို Crop မပြုလုပ်ခြင်းဖြင့် အရင်ထက်ပိုပြီး ခန့်ညားသွားစေခဲ့ပါတယ်" လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment