Apple ကနောက်ဆုံးတော့ iPhone သုံးစွဲသူတွေရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးတော့မှာဖြစ်ပါတယ်၊ အဆိုပါအမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီဟာ အဂါင်္နေ့တုန်းက iPhone 6s နဲ့ iPhone 6 မော်ဒယ်တွေအတွက် ဖုန်းကာဗာနဲ့ ဘက်ထရီပေါင်းစပ်ထားတဲ့ ကာဗာဒီဇိုင်းတစ်မျိုးကိုကြော်ငြာခဲ့တာပါ၊ Apple ကဒီကာဗာဟာ ဘက်ထရီသက်တမ်းကို ၂၅နာရီထိခံအောင် ဆွဲဆန့်ထားပေးနိုင်တယ်လို့
ဆိုပါတယ်၊
ကျောက်မီးသွေးရောင်နဲ့အဖြူရောင်ဆိုပြီးနှစ်မျိုး ရရှိမှာဖြစ်ပြီးတော့ သေးငယ်တဲ့ မိုက်ခရိုဖိုက်ဘာနဲ့ ပျော့ပျောင်းတဲ့ဆီလီကွန်တို့ကိုပေါင်းစပ်ပြီး ပြုလုပ်ထားတာဖြစ်တယ်လို့သိရပါတယ်၊ Apple ၀က်ဘ်ဆိုက်
မှာဖော်ပြချက်အရတော့ သုံးစွဲသူတွေဟာဖုန်းဘက်ထရီ Level ကို ဖုန်းမှာမြင်နေရသလိုပဲ ဒီစမတ်ဘက်ထရီတွေရဲ့ ဘက်ထရီ Level ကိုလည်း notification centre ကနေပြီးတော့တွေ့ရမှာဖြစ်တယ်လို့
သိရပါတယ်၊
အားသွင်းထားတဲ့အခါမှာ နဂို iPhone ဘက်ထရီရဲ့အားLevel နဲ့အတူ အဆိုပါအပိုဘက်ထရီရဲ့ အားLevel ကိုပါ တစ်ခါတည်းတွဲပြီး Lock Screen မှာပြပေးမှာဖြစ်တယ်လို့ဆိုပါတယ်၊
ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ၉၉ ရှိမှာဖြစ်ပြီး လာမယ့်အင်္ဂါနေ့ကစလို့ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာစတင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရတယ်၊ iPhone 6 Plus, iPhone 6s Plus နဲ့
နောက်လာမယ့် iPhone မျိုးဆက်တွေအတွက် Smart Battery Case ထုတ်မထုတ် ကိုတော့ ပြောကြားသွားခြင်းမရှိပါဘူး၊
0 comments:
Post a Comment