Powered by Blogger.

စွမ်းအင်တွေ သိုလှောင်နိုင်မယ့် စာရွက် "Power Paper"




ဆွီဒင်နိုင်ငံမှာရှိတဲ့ Linkoping တက္ကသိုလ်က သုတေသီတွေဟာ စွမ်းအင်တွေ သိုလှောင်နိုင်မယ့် "Power Paper" ဆိုတဲ့ ပါဝါစာရွက် တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီ Power Paper ကို ပြုလုပ်ဖို့ အသုံးပြုခဲ့တဲ့ ကုန်ကြမ်းတွေကတော့ နာနို-သစ်စေး နဲ့ လျှပ်စစ်စီးနိုင်တဲ့ ပိုလီမာ ဒြပ်ပေါင်းတို့ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ ဘက်ထရီ တွေ ၊ လျှပ်သိုတွေနဲ့ မတူညီတာကတော့ Power Paper ဟာ ပြန်လည်ဆန်းသစ်ထားတဲ့ သစ်စေး နဲ့ အလွယ်တကူ ရနိုင်တဲ့ ပိုလီမာ တွေကို အသုံးပြုထားတာပါပဲ။ အလေးချိန်အရလည်း ပေါ့ပါးပြီး ရေစိုခံ ကိရိယာ တစ်ခုလည်း ဖြစ်ပါတယ်။

ထို Power Paper တစ်ရွက်ကို အချင်း ၁၅ စင်တီမီတာ ရှည်ချားပြီး မီလီမီတာ အနည်းငယ်သာ ထူထပ်ပါတယ်။ စွမ်းအင်ကိုလည်း 1F အထိ သိုလှောင်နိုင်စွမ်း ရှိပါတယ်။ 1F ဆိုတာကတော့ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ စူပါ လျှပ်သို တွေနဲ့ စွမ်းဆောင်ရည် ညီမျှ ပါတယ်။

Power Paper ကို အားပြန်သွင်းတဲ့အခါမှာ အကြိမ်ပေါင်း ရာချီ အားပြန်သွင်း နိုင်ပြီး တစ်ခါအားသွင်းတိုင်းမှာ စက္ကန့်အနည်းငယ် သာ အချိန်ယူရတယ်လို့လည်း သိရပါတယ်။ အခြေခံတည်ဆောက်ထားတဲ့ ကုန်ကြမ်းကတော့ နာနို-သစ်စေးပဲ ဖြစ်ပါတယ်။ သစ်စေးရဲ့ ဖိုက်ဘာ တွေကို ဖိအားများတဲ့ ရေအား ကို အသုံးပြုပြီး အချင်း ၂၀ နာနိုမီတာ ရှိတဲ့ ဖိုက်ဘာတွေအဖြစ် ချိုးဖျက် ပြောင်းလဲ လိုက်ပါတယ်။

အဲဒီလို ချိုးဖျက်လိုက်တဲ့ သစ်စေး ဖိုက်ဘာ တွေကို လျှပ်စစ်အား သွင်းထားတဲ့ ပိုလီမာ တွေကိုလို့ ရေအား အသုံးပြုပြီးတော့ပဲ ပေါင်းထည့်လိုက်ပါတယ်။ အဲဒီနောက်မှာ ပိုလီမာ တွေက ဖိုက်ဘာ တွေရဲ့ တ၀ိုက် မှာ ပါးလွှာတဲ့ အလွှာလေးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီ သစ်စေးနဲ့ ပိုလီမာ ပေါင်းထားတဲ့ ကုန်ကြမ်းအသစ်ဟာ အိုင်းယွန်း တွေနဲ့ အီလက်ထရွန်တွေကို တစ်ချိန်တည်းမှာပဲ လျှပ်စစ်စီးစေခဲ့တဲ့အတွက် ကမ္ဘာ့စံချိန်တင်ခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment