Powered by Blogger.

ISIS ကိုကူညီနေတဲ့ တူရကီကို ဆိုက်ဘာတိုက်ခိုက်မှု လုပ်မယ်လို့ Anonymous ကြေညာ




အစ္စလာမ် အစွန်းရောက် အကြမ်းဖက်အဖွဲ့  ISIS ကို ထောက်ပံ့ ကူညီနေတဲ့အတွက် တူရကီ နိုင်ငံ ကို ကမ္ဘာကျော် ဟက်ကာအဖွဲ့  ISIS က ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခု စတင်လိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

Anonymous အဖွဲ့ က ခြိမ်းခြောက်ထားတာကတော့ သူတို့ဟာ အစိုးရ ၊ စစ်ဘက်ဆိုင် ၀န်ဆောင်မှုများ ၊ လေဆိပ်များ နဲ့ ဘဏ်များကို ပစ်မှတ်ထားသွားမှာ ဖြစ်ပြီး တိုက်ခိုက်မှု ဟာ အခုမှ စတင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

"သင်တို့အများစု ကြားဖူးတဲ့အတိုင်းပဲ တူရကီဟာ အကြမ်းဖက်အဖွဲ့တွေကို သူတို့ဆီက ရေနံတွေ ၀ယ်ယူပြီး သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေကို ကြိုဆိုခြင်းနဲ့ ထောက်ပံ့ပေးနေပါတယ်။ တူရကီခေါင်းဆောင် Erdogan ဟာ ISIS ကို ထပ်ပြီး ထောက်ပံ့လို့ မရအောင် လုပ်သွားမှာပါ။ အကယ်၍ သင်တို့သာ ISIS ကို အထောက်အပံ့ ပေးနေတာကို မရပ်ဘူးဆိုရင် ၊ ငါတို့ဟာ သင်တို့ရဲ့  အင်တာနက်ကို တိုက်ခိုက်ပါမယ် ၊ DNS အုတ်မြစ်တွေ ၊ ဘဏ်တွေ နဲ့ အစိုးရပိုင် ၀က်ဘ်ဆိုက်တွေကို ဖျက်ဆီးသွားမှာပါ။" လို့ Anonymous အဖွဲ့ က YouTube ဗီဒီယို တစ်ခုက တဆင့် ထုတ်ပြန်ခဲ့ပါတယ်။

"အခြေခံ DNS တွေကို တိုက်ခိုက်ပြီးသွားရင် ငါတို့ဟာ သင်တို့ရဲ့  လေဆိပ်တွေ ၊ စစ်ဘက်ဆိုင်ရာ သုံးစွဲမှုတွေနဲ့ သီးသန့် ပြည်နယ် ကော်နက်ရှင်တွေကို ပါစတင်တိုက်ခိုက်ပါမယ်။ ငါတို့ဟာ သင်တို့ဟာ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံ ချိတ်ဆက်မှု အားလုံးကို ဖျက်ဆီးသွားမှာပါ။" လို့လည်း Anonymous အဖွဲ့  ကဆိုထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က တူရကီ နိုင်ငံမှာရှိတဲ့ ၀က်ဘ်ဆိုက်ပေါင်း ၄၀၀၀၀ ကျော် တိုက်ခိုက်ခံခဲ့ရမှုရဲ့ နောက်ကွယ်မှာလည်း Anonymous အဖွဲ့  ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment