Powered by Blogger.

ကားလာချိန်များကိုအမြဲ Update လုပ်ပေးနေမည့် Kindle-style ဟုခေါ်သော e-paper များကို လန်ဒန်ရှိ ကားမှတ်တိုင်များတွင်စမ်းသပ်နေ


လန်ဒန်သယ်ယူပို့ဆောင်ရေးအဖွဲ့ (TFL) က e-paper အချိန်ဇယားများကို လန်ဒန်ရှိ ကားမှတ်တိုင်များတွင် တပ်ဆင်ရန်စမ်းသပ်လျက်ရှိကြောင်းသိရသည်၊ နည်းပညာမှာ ခေတ်စားနေသော e-reader gadget များတွင် အသုံးပြုသည့် အချိန်ဇယားများကို အဆက်မပြတ် ဖော်ပြပေးနေသည့် နည်းပညာနှင့်အတူတူ ပဲဖြစ်တယ်လို့ သိရပါတယ်၊

အဲ့ဒီ e-paper တွေဟာ ဆိုလာပါဝါနဲ့ အလုပ်လုပ်မှာဖြစ်ပြီး နောက်ဘက်စ်ကားတစ်စင်း လာဖို့အတွက် ဘယ်လောက်ကြာကြာစောင့်ရဦးမယ်ဆိုတာကို ခရီးသည်တွေကို Update ဖော်ပြပေးနေမှာဖြစ်ပါတယ်

သိပ်မကြာခင်အချိန်အတွင်းမှာ မှတ်တိုင်လေးခုကို မြို့တော်မှ နည်းပညာအသစ်တွေနဲ့ ထပ်မံတပ်ဆင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်၊


ဒီအစီအစဉ်ကို ဦးဆောင်ပြုလုပ်ခဲ့သူ Simon Reed ကတော့ "ဒီစနစ်ဟာ အရမ်းကိုမြန်ဆန်စွာနဲ့ပဲ Information တွေကို အသုံးပြုသူတွေဆီရောက်အောင်ပို့နိုင်မှာပါ၊ အရင်က ဒီလို အချိန်ဇယားတွေကို လက်သရမ်းဖျက်ဆီးတာတွေ မကြာခဏကြုံတွေ့ခဲ့ရပါတယ်၊ အခုတော့ သတင်းအချက်အလက်တွေဟာ လျင်လျင်မြန်မြန်၊ သန့်သန့်ရှင်းရှင်းနဲ့ ခရီးသွားတဲ့သူတွေဆီကို ရောက်နိုင်တော့မှာပါ၊ သတင်းတွေက အမြဲ အချိန်မှန်နဲ့ အသုံးဝင်နေစေမှာဖြစ်ပြီး ဖျက်ဆီးမှုတွေလည်း အရမ်းလျော့နည်းသွားပါလိမ့်မယ်" လို့ဆိုပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref : Mirror, BBC

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment