Powered by Blogger.

အူရီဒူးက Viber ၊ WeChat ၊ BeeTalk နဲ့ MyChat တို့ကို အခမဲ့ သုံးစွဲခွင့်ပေး




မြန်မာနိုင်ငံ ရှိ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တစ်ခုဖြစ်တဲ့ အူရီဒူး (ooredoo) က "ချက်တင်ပရိုးမိုးရှင်း" လို့ ခေါ်တဲ့ အထူးအစီအစဉ် သစ်တစ်ရပ်နဲ့ မိတ်ဆက်ပေးလိုက်ပြန်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ မှ စတင်ကာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ အထိ ခွင့်ပြုသွားမှာဖြစ်ပါတယ်။

ထို ချက်တက်ပရိုမိုးရှင်းမှာ Viber ၊ WeChat ၊ Beetalk နဲ့ MyChat စတဲ့ ချက်တင် App တွေကို အခမဲ့ ဒေါင်းလုဒ်ပြုလုပ်ခွင့်ပေးပြီး သတ်မှတ်ကာလ အတွင်း အခမဲ့သုံးစွဲခွင့်ပေးသွားမှာဖြစ်ပါတယ်။ အစီအစဉ်အရ ထို App များကို အသုံးပြုပြီး စာပို့ခြင်း ၊ ဖုန်း/ဗီဒီယို ခေါ်ဆိုခြင်း ၊ ဓါတ်ပုံများ ၊ ဗီဒီယိုဖိုင်များ ၊ အသံ ဖိုင်များ ပို့ခြင်း ၊ စတစ်ကာပို့ခြင်းတို့ကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအစီအစဉ် အသစ်နဲ့ ပတ်သက်ပြီး အူရီဒူး မြန်မာ၏ အမှုဆောင် အရာရှိချုပ် Rene Meza က “ အခုလို နှစ်ကုန်ပိုင်းဆိုရင် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေ ပြန်လည် ဆုံစည်းကြပါတယ်၊ ပြီးတော့ အပြန်အလှန် နှစ်သစ်ကူး ဆုမွန်ကောင်းတွေ တောင်းလေ့ ရှိကြပါတယ်။ ဒါတင်မက လာမယ့်နှစ်မှာ လုပ်ငန်းဆောင်တာတွေ အောင်မြင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အပြန်အလှန် ဆက်သွယ်ကြပါသေးတယ်။ အဲဒီအတွက် ကျွန်တော်တို့က Viber, WeChat, BeeTalk နဲ့ MyChat အက်ပလီကေးရှင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ အထူး အစီအစဉ်ကို နှစ်သစ်ကူး လက်ဆောင်အနေနဲ့ ပေးရခြင်းဖြစ်ပါတယ် ။ " လို့ ရှင်းပြခဲ့ပါတယ်။

အူရီဒူး သုံးစွဲသူတစ်ဦးကတော့ "၀မ်းသာတယ်ဗျာ။ ဒီ အက်ပလီကေးရှင်းတွေက အမြဲတမ်းလိုလိုသုံးဖြစ်တယ်လေ။ Viber ဆို ညတိုင်းလိုလို သုံးနေတာ။ ၁လကျော်လောက်အခမဲ့ သုံးရမယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ အူရီဒူးကိုလည်းကျေးဇူးတင်ပါတယ်" လို့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment