Powered by Blogger.

အမေရိကန်ရေတပ်က တောင်တရုတ်ပင်လယ်တွင်တပ်ဖြန့်ချထားမယ့် အစွမ်းထက် Poseidon သူလျိုလေယာဉ်အကြောင်း


အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အရေးကြောင့်တရုတ်နိုင်ငံနဲ့ တင်းမာမှုများမြှင့်တက်နေချိန်မှာ စင်ကာပူမှာရှိနေတဲ့ P-8 Poseidon သူလျိုလေယာဉ်ကိုနေရာချထားခွင့် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းသိရပါတယ်၊ စစ်ဆင်ရေးတစ်ခုတွင်အကွာအဝေးမြောက်များစွာသွားနိုင်ခြင်း၊ လေယာဉ်ရဲ့အရွယ်အစားစတာတွေကြောင့်အဲ့ဒီလေယာဉ်ဟာအမေရိကန်ရေတပ်ရဲ့အစွမ်းထက်လက်နက်တစ်ခုအဖြစ်တည်ရှိနေပါတယ်၊

စီးပွားရေးအတွက်အသုံးချတဲ့ ဘိုးအင်းရဲ့ 737-800 လေယာဉ်ကိုအခြေခံထားတဲ့ အဲ့ဒီသူလျိုလေယာဉ်ဟာ 737-800 လေယာဉ်ကိုယ်ထည်နဲ့ 737-900 တို့ရဲ့တောင်ပံတွေကိုပေါင်းစပ်ဖန်တီးထားတာပဲ
ဖြစ်ပါတယ်၊ လေယဉ်ကိုယ်ထည်က ပေ၁၃၀ရှည်လျားပြီး တောင်ပံတွေက ၁၂၃ပေထိရှည်လျားတဲ့ အဆိုပါလေယာဉ်ဟာ မိုင်၄၅၀၀အထိဆီထပ်မဖြည့်ပဲ ပျံသန်းနိုင်ပါတယ်၊ အမြင့်ပေ၄၁၀၀ထိပျံသန်းနိုင်အောင်ဒီဇိုင်းဆွဲဖန်တီးထားတာပါ၊

Poseidon ဟာတော်ပီဒိုတွေနဲ့ ခရုဇ်ဒုံးကျည်တွေတပ်ဆင်ထားပါတယ်၊ အမေရိကန်လက်နက်ကုမ္ပဏီ Ratheon ကပြုလုပ်ထားတဲ့ MK 54 တော်ပီဒိုတွေ၊ ရာသီဥတုမရွေး၊ နေ့ညမရွေး ထောက်လှမ်းသိရှိနိုင်တဲ့ AN/APY-10 ရေဒါတွေကိုတပ်ဆင်ထားတယ်လို့သိရပါတယ်၊

အမေရိကန်ကာကွယ်ရေးနည်းပညာကုမ္ပဏီ Northrop Grumman ကပြုလုပ်ထားတဲ့ အနီအောက်ရောင်ခြည်တည်နေရာပြစနစ်တွေ၊ GE Aviation ရဲ့အဆင့်မြှင့်လယာဉ်ထိန်းချုပ်ရေးစနစ်တွေ ကိုတပ်ဆင်ထားတယ်လို့ သိရပါတယ်၊

Poseidon ဟာ တိုက်ခိုက်ရေး Drone လေယာဉ်တွေနဲ့လည်းဆက်သွယ်နိုင်ပြီး ဆန်ဆာနည်းပညာ၊ လက်နက်နည်းပညာ၊ တွေကိုလည်းထပ်မံဆန်းသစ်ထားတယ်လို့သိရပါတယ်၊ ရန်သူတွေရဲ့ စစ်တပ်
Networkဒေတာတွေကိုလည်းကြားဖြတ် တိုက်ခိုက်နိုင်တဲ့စွမ်းရည်တွေပါလာတာပါ၊

ပြီးခဲ့တဲ့ August လတုန်းက ဘိုအင်းဟာ နောက်ထပ် Poseidon ဆယ့်သုံးစီးထုတ်လုပ်ဖို့ ဒေါ်လာ ၁.၄၉ဘီလီယံတန်စာချုပ်တွေချုပ်ဆိုခဲ့ပါတယ်၊ အမေရိကန်ရေတပ်အတွက် ကိုးစင်း၊ သြစတျေးလျတော်ဝင်လေတပ်အတွက် လေးစင်းဖြစ်ပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Fox News 
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment