Powered by Blogger.

Xiaomi Mi 5 ၌ပါဝင်မည့် ပုံစံ၊ တန်ဖိုးနှင့် သတ်မှတ်ချက်များ ပေါက်ကြားလာ


ဒီလအစောပိုင်းမှာ လာမယ့် Xiaomi Mi 5 အတွက် ကျွန်တော်တို့တွေ့ခဲ့ရတဲ့ ပုံရိပ်တွေနဲ့ ထင်မြင်ချက်တွေကို ဖော်ပြခဲ့ဖူးပါတယ်၊ အခုလည်း အဲ့ဒီလိုမျိုးပုံရိပ်တွေကို အင်တာနက်စာမျက်နှာတွေမှာ ထပ်တွေ့နေရပါတယ်၊ တွေ့လာရတဲ့ ပုံရိပ်တချို့အရတော့ ဒီဖုန်းမှာ Home Buttom ပါလာတာတွေ့ရပါတယ်၊

တရုတ်ဝက်ဘ်ဆိုက် Zaeke ရဲ့ ဖော်ပြချက်အရ Xiaomi Mi 5 စမတ်ဖုန်းမှာ ဟုမ်းကီးတစ်ခု ပါလာတာတွေ့ရပြီး သတ္တုဘောင်နဲ့ ဒီဖုန်းမှာ စပီကာကိုတော့ iPhone ဆန်ဆန် စပီကာနှစ်လုံးကို အောက်ခြေမှာထည့်ထားတာလည်း တွေ့ရပါတယ်၊

ကြိုတင်မျှော်မှန်းခဲ့သလိုပဲ Xiaomi Mi 5 ဟာ ၂.၅ဒီဂရီ မျက်နှာပြင်ကွေး နဲ့ဖြစ်ပြီး သေးသွယ်တဲ့ Home Button ဟာ လက်ဗွေရာလုံခြုံရေးစနစ် (Fingerprint Sensor) တယ်လို့သိရပါတယ်၊ အချက်အလက်တွေအရ Mi 5 ရဲ့ Fingerprint Sensor ဈေးကွက်ထဲမှာ အသေးငယ်ဆုံးနဲ့ အမြန်ဆုံး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်၊


စမတ်ဖုန်းရဲ့ ကောလဟလသတင်းတွေအရ Mi 5 ရဲ့ မျက်နှာပြင်ဟာ ၅.၂ လက်မ ရှိပြီး Resolution ကတော့ Full-HD ဒါမှမဟုတ် QHD အရည်အသွေးပါဝင်လာတာပါ၊ Internal RAM အနေနဲ့ 3GB (သို့) 4GB ပါဝင်ပြီး အတွင်းမမ်မိုရီက 32GB ဒါမှမဟုတ် 64GB အထိပါရှိလာမှာဖြစ်ပါတယ်၊ ကင်မရာအနေနဲ့လည်း 16-Megapixel နဲ့ အရှေ့ကင်မရာ 13 Megapixel ရှိတာကြောင့် အတော်လေးကိုအရည်အသွေးကောင်းမွန်တာတွေ့ရမှာပါ၊

3600mAh ရှိတဲ့ ဘက်ထရီနဲ့ Quick Charge 3.0 နည်းပညာတွေကိုထောက်ပံ့ပေးထားတာကြောင့် အားသွင်းချိန်ကြာမြှင့်တာတွေအတွက် အဆင်ပြေစေမှာပါ၊ MIUI 7 ကိုအခြေခံပြီး Android Version 6.0 Marshmallow နဲ့ Run မှာဖြစ်ပါတယ်၊

Internal 32 GB နဲ့ 3GB RAM ဗားရှင်းဖုန်းကတော့ ဈေးနှုန်း တရုတ်ယွမ် ၁၉၉၉ (မြန်မာကျပ် - ၄၀၅၀၀၀ခန့်)၊ Inter Storage 64 GB နဲ့ 4GB RAM ဗားရှင်းကတော့ ဈေးနှုန်း တရုတ်ယွမ် ၂၂၉၉ (မြန်မာကျပ် - ၄၆၆၀၀၀ခန့်) အသီးသီးရှိနိုင်တယ်လို့ သိရပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref : Gadgets 360

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment