Powered by Blogger.

လိပ်ကျွန်းလူသတ်မှု အတွက် Anonymous အဖွဲ့က ထိုင်းအစိုးရရဲ့  ၀က်ဘ်ဆိုက်တွေကို တိုက်ခိုက်




ဟက်ကာတွေ စုစည်းထားတဲ့ ကမ္ဘာကျော် အဖွဲ့အစည်း Anonymous ဟာ ဗြိတိန် ခရီးသွား ၂ ယောက်ဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့အသတ်ခံရမှုအတွက် တရားခံဖော်ထုတ်ရာမှာ တရားမျှတမှုမရှိတာကြောင့် ထိုင်းနိုင်ငံရဲ့  အကျဉ်းထောင် စနစ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ ၀က်ဘ်ဆိုက် အခု ၂၀ ကို ပိတ်သိမ်း ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင်နဲ့ ဆိုင်တဲ့ ၀က်ဘ်ဆိုက်တွေကို တိုက်ခိုက်ခဲ့တာဟာလည်း Anonymous အဖွဲ့ရဲ့  #OpBoycottThailand ဆိုတဲ့ လှုပ်ရှားမှုရဲ့  အကြီးဆုံး ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုအရှေ့ မှာလည်း ထိုင်းနိုင်ငံရဲ့  တရားရုံးချုပ်ကနေ ဒေတာ 1GB ခန့်ကို ခိုးယူခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံ ရဲ့  တရားရေးဆိုင်ရာ ၀က်ဘ်ဆိုက် ရာကျော်ကို DDoS စနစ်နဲ့ ဒီလအစောပိုင်းတုန်းက တိုက်ခိုက်ခဲ့ပါသေးတယ်။

#OpBoycottThailand ဆိုတဲ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံက အလုပ်သမား ၂ ယောက်ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ဝေဖြိုးနဲ့ ဇော်လင်းတို့ ၂ ဦးကို ဗြိတိန် ခရီးသွား ၂ ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ပေးခံခဲ့ရပြီးတဲ့နောက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ Anonymous အဖွဲ့က တင်ထားခဲ့တဲ့ ၃၇ မိနစ်စာ ဗီဒီယိုထဲမှာလည်း ထိုင်း အာဏာပိုင်တွေဟာ မြန်မာ အမျိုးသား ၂ ယောက်ကို သက်သေအတုအယောင်တွေနဲ့ အတင်းအဓမ္မ ၀န်ခံစေခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘားအလုပ်သမား ၂ ဦးဖြစ်တဲ့ ဝေဖြိုးနဲ့ ဇော်လင်းတို့ဟာ ထိုင်းနိုင်ငံ လိပ်ကျွန်းလို့ လူသိများတဲ့ Koh Tao ကျွန်းစွယ်မှာ ဖြစ်ပွားခဲ့တဲ့ ထို ရာဇ၀တ်မှုအတွက် သူတို့ ၂ ယောက်ဟာ လုံးဝ အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ဗြိတိန် ခရီးသွား ၂ ယောက်ဖြစ်တဲ့ Hannah နဲ့ David တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက အသတ်ခံခဲ့ရတာဖြစ်ပြီး Hannah ဟာ မုဒိမ်းကျင့်ခံခဲ့ရပါတယ်။သူတို့ ၂ ယောက်ရဲ့  အလောင်းတွေကတော့ လိပ်ကျွန်းက ကမ်းခြေမှာ လဲလျောင်းလျက် တွေ့ရှိခဲ့ရတာပါ။

သက်ဆိုင်ရာရဲ့  ပြောကြားချက်အရတော့ DNA စစ်ဆေးချက်တွေအရ မြန်မာလုပ်သား ၂ ယောက်ရဲ့  DNA နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုထားပါသေးတယ်။ အခုလည်း Anonymous ရဲ့  ခြေလှမ်းဟာ ဒီအမှုမှာ တရားခံအစစ်ကို မျှတစွာဖော်ထုတ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းအစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment