Powered by Blogger.

ကင်မရာအသားပေး F မျိုးဆက်ဖုန်းတွေကို OPPO က အထူးထုတ်လုပ်သွားမည်


OPPO ဟာဆိုရင်တော့ ၂၀၁၅ ခုနှစ်အတွင်းမှာ သူတို့ရဲ့ ဖုန်းဟာ အလုံးရေ သန်းငါးဆယ်ကျော် ရောင်းချခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီတရုတ်ကုမ္ပဏီဟာဆိုရင်တော့ တောင်အာရှဈေးကွက်ကနေ ရောင်းအားအများဆုံးရရှိခဲ့တာဖြစ်ပြီး နောက်ထပ်ရောင်းအားတက်စေမယ့် ဖုန်းစီးရီးတွေကိုလည်း ထပ်မံထုတ်လုပ်သွားအုံးမယ်လို့ သိရပါတယ်။

OPPO ဟာဆိုရင်တော့ F မျိုးဆက်ရဲ့ ပထမဆုံး F1 ဖုန်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပြသခဲ့ပြီးတဲ့နောက်မှာတော့ ပိုကောင်းလာတဲ့ F1 plus ဖုန်းကိုတော့ လာမယ့် ဧပြီလထဲမှာ ထုတ်လုပ်ဖို့ မျှော်မှန်းလျက်ရှိနေတယ်လို့ သိရပါတယ်။ F1 ဖုန်းဟာဆိုရင်တော့ OPPO က တရုတ်နိုင်ငံမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ A35 ဖုန်းနဲ့ဆင်ဆင်တူပြီးတော့ RAM 3 GB အထိပါဝင်ပါတယ်။ မျက်နှာပြင်အကျယ် ငါးလက်မရှိတဲ့ F1 ဟာဆိုရင်တော့ OPPO ရဲ့ ရောင်းအားအကောင်းဆုံး ဖြစ်လာနိုင်ဖို့ ခန့်မှန်းထားပြီး ကျောဘက် ကင်မရာ 13 MP နဲ့ ရှေ့ကင်မရာ 8 MP အသီးသီးပါဝင်ပါတယ်။

မိမိရဲ့ ရုပ်ကို လှပသွားအောင် ပြုလုပ်နိုင်မယ့် Beauty လုပ်ဆောင်ချက်ကလည်း 3.0 ပါဝင်ပြီးတော့ ပုံကို filter ပြုလုပ်နိုင်မှုလည်း မြင့်မားတာကြောင့် ဆယ်လ်ဖီရိုက်တတ်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ သူတို့ရဲ့ ကင်မရာတွေဟာဆိုရင်တော့ Apple ရဲ့ iPhone 6S နဲ့ 6S Plus တို့ရဲ့ နည်းပညာကို အတုယူထားပြီး အလင်းနည်းနေချိန်မှာတောင် ပုံရိပ်တွေကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်မှာပါ။

သူတို့ဟာ F1 Plus ကိုတော့ မျက်နှာပြင်အကျယ် ၅.၅ လက်မနဲ့ RAM 4GB အထိ တိုးချဲ့ထုတ်လုပ်ဖို့ စီစဉ်ထားပြီးတော့ OPPO အနေနဲ့ F စီးရီးမျိုးဆက်ဖုန်းတွေဟာ သူတို့ရဲ့ မှတ်ကျောက်တစ်ခုဖြစ်လာနိုင်ဖို့ ရည်ရွယ်ထားတာပါ။

OPPO F1 ဖုန်းကိုတော့ မြန်မာပြည်မှာ မကြာခင်ရရှိနိုင်ပြီး ကျပ်ငွေ နှစ်သိန်းခွဲလောက်တော့ ကျသင့်နိုင်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : cnet


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment