Powered by Blogger.

App တွေကို Play Store ထဲဝင်စရာမလိုဘဲ Google Search ကနေ တိုက်ရိုက်သွင်းနိုင်မယ့် ၀န်ဆောင်မှုအသစ်ကို Google စမ်းသပ်





Google ဟာ အမြဲတမ်း သူ့ရဲ့ ရှာဖွေမှုအင်ဂျင် (search engine) ကိုစမ်းသပ်မှုတွေ တစ်ခုမဟုတ်တစ်ခု လုပ်နေလေ့ရှိပေမယ့်၊ ဒီတစ်ခါတော့ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို မကြာမီမြင်တွေ့ရဖွယ်ရှိနေပါတယ်။
Google က အခုအခါ Android ဖုန်းအသုံးပြုတွေအနေနဲ့Play Store ထဲဝင်စရာမလိုဘဲ app တွေကို Google ကနေရှာကာ တိုက်ရိုက်ဖုန်းထဲသွင်းနိုင်မယ့် စွမ်းဆောင်ချက်အသစ်တစ်မျိုးကို စမ်းသပ်လျက်ရှိပါတယ်။
ဒါပေမယ့် ယခု feature အသစ်ကို Google app အသုံးပြုသူနဲ့ Android သုံးသူတစ်ချို့မှာပဲ ရရှိသေးပြီး တခြား OS အသုံးပြုသူတွေနဲ့၊ တခြား browser သုံးသူတွေတော့ ရဦးမှာမဟုတ်သေးပါဘူး။
ဒီ့အပြင်ယခုစွမ်းဆောင်ချက်အသစ်ကို လူအများဆီဘယ်တော့ချပေးမလဲဆိုတာမသိရသေးသလို၊ တခြား ဖုန်း browser တွေဖြစ်တဲ့ Chrome နဲ့ Safari တို့ကနေလည်း ရရှိနိုင်မလားဆိုတာကို သေချာမသိရှိရသေးပါဘူး။ 

(Ye Wint)


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment