Powered by Blogger.

ဒေါ်လာ ၁၈.၃၆ ဘီလီယံ အကျိုးအမြတ်ရရှိပြီး စံချိန်တင်နိုင်ခဲ့တဲ့ Apple




ကမ္ဘာကြီးကို Apple ကတစ်ဖြည်းဖြည်း ပိုင်ဆိုင်လာနေပါပြီ။ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် နည်းပညာလုပ်ငန်းကြီး Apple ကုမ္မဏီဟာ ဘဏ္ဍာရေးဆိုင်ရာ စာတမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဲဒီစာတမ်းထဲမှာတော့ ဈေးကွက်ထဲမှာ လက်ရှိအသုံးပြုလျက်ရှိတဲ့ Apple ရဲ့  ကိရိယာ အရေအတွက် ၁ ဘီလီယံ အထိရှိလာခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို အသုံးပြုလျက်ရှိနေတဲ့ ကိရိယာတွေကတော့ iPhone တွေ ၊ iPad တွေ ၊ iPod တွေ ၊ Mac တွေ ၊ Apple တီဗွီ တွေ နဲ့ Apple နာရီတွေဖြစ်ပြီး ဒီရလဒ် ဟာ လွန်ခဲ့တဲ့ ရက်ပေါင်း ၉၀ အတွင်း ကောက်ယူခဲ့တဲ့ စာရင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ Apple ရဲ့  အင်အားနဲ့ လွှမ်းမိုးမှုတွေအားကောင်းလာစေမှာပါ။တစ်ဖက်မှာလည်း ကုမ္မဏီဟာ အခြား ၀န်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ Apple Pay နဲ့ Apple Music တို့မှာ အောင်မြင်မှုတွေရနေဆဲပါ။ ဒီထက်ပိုပြီး အံ့အားသင့်စေခဲ့တာက Appe ဟာ ပြီးခဲ့တဲ့ ၃လအတွင်းမှာတင် အကျိုးအမြတ်ကြီးပဲ ဒေါ်လာ ၁၈.၃၆ ဘီလီယံ အထိ ရရှိခဲ့ပြီး ဒီပမာဏဟာလည်း နည်းပညာလောကထဲမှာ ဘယ်ကုမ္မဏီမှ မရရှိဖူးသေးတဲ့ စံချိန်တင် အကျိုးအမြတ် တစ်ခုပဲ ဖြစ်ပါတယ်။

"ဒါဟာ ကျွန်တော်တို့အတွက် မယုံကြည်နိုင်လောက်တဲ့ ပိုင်ဆိုင်မှုတစ်ခုပါပဲ" လို့ Apple ရဲ့  အမှုဆောင်အရာရှိချုပ် Tim Cook က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment