Powered by Blogger.

ဂျပန်စက်ရုပ်နဲ့ ထိုးသတ်မယ့် အမေရိကန် မီဂါစက်ရုပ်ကို အလေးချိန်ကြောင့် ပရိတ်သတ်တွေ အားမရဖြစ်နေ




အမေရိကန်ရဲ့  မီဂါစက်ရုပ်ဟာ ဂျပန်နိုင်ငံ ရဲ့  စိန်ခေါ်မှုအရ စက်ရုပ်ချင်း စီးချင်းထိုးဖို့အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် အမေရိကန်ရဲ့  စက်ရုပ်ဟာ ဝေဖန်မှုများစွာကို ရင်ဆိုင်နေရပါတယ်။

Transformer စတိုင်လ်မျိုးရှိတဲ့ စက်ရုပ် ဟာ လာမယ့် စက်ရုပ် စီးချင်းထိုးပွဲ မှာ ဂျပန်နိုင်ငံက စက်ရုပ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် စက်ရုပ်ရဲ့  ဒီဇိုင်းဟာ ရှုံးနိမ့်မှုကို ဖြစ်စေနိုင်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ Megabot Mk II လို့ခေါ်တဲ့ ထို အမေရိကန် စက်ရုပ်ဟာ ၁၅ ပေ ရှည်ပြီး ပေါင်ချိန် ၁၂,၀၀၀ ပေါင် လေးလံတယ်လို့ သိရပါတယ်။

ထို စက်ရုပ် တည်ဆောက်မှုကိုတော့ ၂၀၁၅ ခုနှစ် နွေရာသီမှာ ပြီးစီးခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့  ပထမဆုံး မောင်းသူပါ စက်ပိုင်းဆိုင်ရာ စက်ရုပ်ကြီး ဖြစ်လာခဲ့ပါတယ်။ ထိုစက်ရုပ်ဟာ တစ်နာရီကို ၁၃၀ မိုင်အထိ သွားတဲ့ အရှိန်နဲ့ ၃ ပေါင်လေးလံတဲ့ ဒုံးကျည်တွေကို ပစ်လွှတ်နိုင်စွမ်းလည်းရှိပါတယ်။ Mk II ကိုတည်ဆောက်ပြီးစီးသွားတဲ့အခါမှာ Megabots ဟာ ကမ္ဘာမှာ ရှိတဲ့ နောက်ထပ် မောင်းသူပါ စက်ပိုင်းဆိုင်ရာ စက်ရုပ်ကြီး တစ်ရုပ်ကို စိန်ခေါ်ခဲ့ပါတယ်။

စိန်ခေါ်ခံရတဲ့ စက်ရုပ်ကတော့ ဂျပန်နိုင်ငံ Suidobashu စက်မှုလုပ်ငန်းအကြီးစား က တည်ဆောက်ထားတဲ့ ပေါင် ၉၀၀၀ အလေးချိန်ရှိ KURATAS ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပရိတ်သတ် တွေကတော့ အရမ်းလေးလံနေတဲ့ အမေရိကန် စက်ရုပ်ကို သိပ်အားမရကြပါဘူး။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. အမေရိကန်ရဲ့  မီဂါစက်ရုပ်ဟာ ဂျပန်နိုင်ငံ ရဲ့  စိန်ခေါ်မှုအရ စက်ရုပ်ချင်း စီးချင်းထိုးဖို့အသင့်ဖြစ်နေပါပြီ။ ဒါပေမယ့် အမေရိကန်ရဲ့  စက်ရုပ်ဟာ ဝေဖန်မှုများစွာကို ရင်ဆိုင်နေရပါတယ်။

    This translation was incorrect.
    The challenger was US MegaBots Inc’s MK II Robot and not Japan Suidobashi Heavy Industries' Kuratas Robot. Japan Suidobashi Heavy Industries, maker of Kuratas Robot has accepted challenge from MegaBots Inc.
    The MegaBots Inc, the Mark II is 15ft high and weight 12,000 lb.
    The Japan Suidobashi Heavy Industries' robot Kuratas was just 13ft high and just over 9,000 lb (4,500 kg).

    ReplyDelete