Powered by Blogger.

“Watch Later” ဆိုတဲ့ လုပ်ဆောင်ချက်ကို Youtube ဗားရှင်းအသစ်မှာထည့်သွင်း



သင့်အနေနဲ့ Youtube မှာ ရယူထားတဲ့ ရုပ်သံလိုင်းတွေများနေပြီဆိုရင်တော့ သင့်အနေနဲ့ ကြည့်လို့ မနိုင်ဖြစ်လာပါလိမ့်မယ်။ အဲ့လိုမျိုး နောက်ဆုံးထွက်ဗီဒီယိုတွေကို သင် အလုပ်တွေတအားရှုပ်နေလို့ ကြည့်ဖို့အဆင်မပြေတော့တဲ့ အချိန်မှာ သင့်အတွက် အလုပ်အားတဲ့အချိန်မှ အဆင်ပြေပြေနဲ့ ပြန်လည် ကြည့်ရှုနိုင်မယ့်  “Watch Later” ဆိုတဲ့ လုပ်ဆောင်ချက်ကိုတော့ Youtube ဗားရှင်းအသစ်မှာ ထည့်သွင်းပေးလိုက်ပါပြီ။

ကွန်ပျူတာကနေ ကြည့်ရှုတဲ့အချိန်မှာတော့ ဗီဒီယိုရဲ့ အောက်ထောင့်နားက settingလုပ်ဆောင်ချက်ရဲ့ ဘေးမှာ နာရီပုံစံနဲ့ “Watch Later” လုပ်ဆောင်ချက်ကို တွေ့မြင်ရပါလိမ့်မယ်။

မိုဘိုင်းဗားရှင်းမှာတော့ သင့်ကို Youtube ကနေ notification ပို့တဲ့အချိန်မှာဆိုရင်တော့ “Watch Later” ဆိုတဲ့ လုပ်ဆောင်ချက်အပိုပါဝင်လာမှာဖြစ်ပြီး “Watch Later”  ကိုနှိပ်လိုက်တဲ့အခါမှာတော့ သင်ရဲ့  “Watch Later” စာရင်းမှာ ဗီဒီယိုတွေ ပေါင်းထည့်ပေးသွားမှာပါ။

သင်အားတဲ့အချိန်မှာတော့ “Watch Later” စာရင်းထဲက ဗီဒီယိုတွေကို အေးအေးဆေးဆေး အချိန်ပေးပြီး ကြည့်ရှုနိုင်တော့မှာပါ။ နေရာဒေသပေါ်မူတည်ပြီးတော့ ဒီလုပ်ဆောင်ချက်ကို ရရှိမှုက ကွဲပြားသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာရရှိနိုင်ဖို့အတွက်တော့ ကာလအနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : ubergizmo
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment