Apple Music က သီချင်းတွေကို SONOS နဲ့ နားဆင်နိုင်တော့မည်
ဆောင်းဘောက်နဲ့ စပီကာတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ SONOS ဟာဆိုရင်တော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ Apple Music ကို အခမဲ့နားဆင်နိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ SONOS ဟာဆိုရင်တော့ Spotify ကနေလည်း နားဆင်နိုင်အောင် ပြုလုပ်ခဲ့ပေးပြီး နှစ်ပေါင်းအတော်ကြာကြာမှာ အခုလိုမျိုး Apple Music ကနေ သီချင်းတွေကို နားထောင်နိုင်အောင် ပြုလုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
အရင်အပတ်တုန်းကတော့ Amazon က သူတို့ရဲ့ Echo စပီကာတွေနဲ့ Spotify က သီချင်းတွေကို တိုက်ရိုက်နားဆင်နိုင်ဖို့ ပြုလုပ်ပေးအပြီးမှာပဲ SONOS ကလည်း အခုလိုအပြိုင်အဆိုင် လိုက်လံပြုလုပ်ခဲ့တာဖြစ်ပါတယ်။
SONOS ဟာ အစပိုင်းမှာတော့ အစမ်းသုံးဗားရှင်းနဲ့သာ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့ပေမယ့်လည်း အခုဆိုရင်တော့ အမှန်တကယ်နားဆင်နိုင်တဲ့ အစီအစဉ်ကို တရားဝင် ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ စပီကာနဲ့ ဆောင်းဘောက် ကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေ ဝယ်လိုအားတက်လာအောင် Subscriber များတဲ့ အွန်လိုင်းသီချင်းဝက်ဘ်ဆိုက်တွေနဲ့ အကျိုးတူပူးပေါင်းပြီးတော့ ဝယ်သူတွေကို မြှူဆွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Recode
0 comments:
Post a Comment