Powered by Blogger.

Samsung ရဲ့  Galaxy S7 နဲ့ LG ရဲ့  G5 တို့မှာ အမြဲတမ်းပြသနေမယ့် always-on display ပါဝင် လာဖွယ်ရှိ



လက်ရှိအချိန်အထိတော့ စမတ်ဖုန်းတိုင်းဟာ မသုံးပဲ Screenlock ပြုလုပ်ထားရင် မျက်နှာပြင် အမည်းကြီးသာ ပြသနေမှာပါ။ ဒါပေမယ့် Samsung ရဲ့  Galaxy S7 နဲ့ LG ရဲ့  G5 တို့ကတော့ ခြားနားသွားတော့မှာပါ။ မကြာခင်ထွက်ပေါ်လာတော့မယ့် ထိုဖုန်း၂လုံး ရဲ့ မျက်နှာပြင်ဟာ screenlock လုပ်ထားသည့်တိုင် အမြဲတမ်းပြသနေမယ့် always-on display ပါဝင်မှာဖြစ်ပါတယ်။

Samsung ရဲ့  Galaxy S7 နဲ့ LG ရဲ့  G5 တို့ကိုတော့ တရားဝင် ထုတ်ပြန်ကြေညာ ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း သဲလွန်စတွေကတော့ ထွက်ပေါ်ခဲ့ပါပြီ။ S7 နဲ့ ပတ်သက်ပြီး 9to5 Google ၊ G5 အတွက် Android Authority တို့က အသီးသီး ရှာဖွေတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

အမြဲတမ်းပြသနေမယ့် မျက်နှာပြင်ဆိုတာကတော့ ဖုန်းကို screenlock ပြုလုပ်ထားရင်လည်း မျက်နှာပြင်ဟာ အမည်းရောင်သက်သက် ဖြစ်နေမှာ မဟုတ်ပဲ missed call များ ၊ မက်ဆေ့ဂ်ျများ ၊ အီးမေးလ် များ နဲ့ ဖုန်းထဲက ပြက္ကဒိန်မှာ ထည့်သွင်းထားတဲ့ အချိန်ဇယားတွေကို ပြသပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ပြသမှုဟာ Android စနစ်ရဲ့  ambient display လုပ်ဆောင်ချက်နဲ့ ဆင်တူပါတယ်။ ထူးခြားသွား တာတစ်ခုက ဒီလုပ်ဆောင်ချက်ကတော့ always-on ဖြစ်တဲ့အတွက် အမြဲတမ်းပြသနေမှာပါ။ ဒီလိုလုပ်ဆောင်ချက်မျိုးရဖို့အတွက် Samsung နဲ့ LG  တို့ဟာ AMOLED မျက်နှာပြင်တွေကို အသုံးပြုထားတာဖြစ်တယ်လို့ တစ်ချို့ ကလည်း ယုံကြည်နေကြပါတယ်။

အခြားထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ Samsung ရဲ့  Galaxy S7 ဟာ 3600mAh ပမာဏရှိတဲ့ ဘက်ထရီတွေကို သုံးထားတယ်ဆိုတာပါပဲ။ ဒီဘက်ထရီပမာဏဟာ Galaxy S6 မှာတုန်းကထက် 1100mAh ပိုများသွားပါတယ်။
နောက်လထဲမှာ ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရတဲ့ ထိုဖုန်း ၂ လုံးကို စောင့်ဆိုင်းပြီး အမြဲတမ်းပြသနေမယ့် Always-on မျက်နှာပြင် ဘယ်လို အလုပ်လုပ်မယ်ဆိုတာ ဖော်ထုတ်ရမှာပဲ ဖြစ်ပါတယ်။


( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Geek

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment