ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ တန်ဖိုးချိုသာ လမ်းကြမ်းကားကို ရုရှားကထုတ်လုပ်
ရုရှားနိုင်ငံကတော့ ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ အပြင် တစ်ပေနီးပါးရှိတဲ့ အတားအဆီးတွေကိုတောင် ကျော်လွှားသွားနိုင်တဲ့ လမ်းကြမ်းကားတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။ တင့်ကားတစ်စီးလို မာကျောတဲ့ ကားကိုယ်ထည်နဲ့အတူ လူတစ်ရပ်စာလောက်ရှိတဲ့ တာယာဘီးကြီးတွေကတော့ တကယ်ကို အကြမ်းခံမယ့်ပုံစံကို ပြသနေပါတယ်။
SHERP ATV လို့ အမည်ပေးထားတဲ့ ဒီကားကိုတော့ Sherp ကုမ္ပဏီက ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ကားရဲ့ တန်ဖိုးကလည်း ဒေါ်လာ ၄၉၀၀၀ သာရှိတာကြောင့် လမ်းကြမ်းကားထဲမှာတော့ အရမ်းတန်တဲ့ ဈေးနှုန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ မြင်းကောင်ရေ ၄၄.၃ ကောင်အား ဆလင်ဒါလေးလုံးထိုးပြီး ဂီယာငါးချက်ပါဝင်တဲ့ ဒီကားဟာဆိုရင်တော့ ကုန်းပေါ်မှာတော့ တစ်နာရီကို ၂၈ မိုင်နှုန်းအပြင် ရေထဲမှာတော့ လေတိုက်နှုန်းပေါ်မူတည်ပြီး ၃.၇ မိုင်နှုန်းအထိသွားနိုင်မှာဖြစ်ပါတယ်။
SHERP ATV ဟာ ဂီယာနံပါတ်တစ်မှာတင် တစ်နာရီကို ၉.၃ မိုင်နှုန်းအထိသွားနိုင်ပါတယ်။ ဒီကားရဲ့ လူတစ်ရပ်လောက်မြင့်တဲ့ တာယာဘီးတွေဟာဆိုရင်တော့ ယက်ဘီးပုံစံတွေဖြစ်ပြီး ရေထဲမှာလည်း ပေါလောပေါ်နေနိုင်တာကြောင့် ဘီးတွေနဲ့ ယက်ပြီး ရေကိုပါ ကူးခတ်နိုင်တာဖြစ်ပါတယ်။
၁၅.၃ ဂါလန်ဆန့်တဲ့ ဆီလှောင်ကန်ကိုတော့ မာကျောတဲ့ ပိုလီမာနဲ့ ဖုံးအုပ်ထားပြီး ဒီကားမှာ သင်ထပ်တိုးတပ်ဆင်ချင်တဲ့ ဂျင်နရေတာတွေ ၊ ကားမီးတွေကိုလည်း ကိုယ်ငွေကြေးတတ်နိုင်သလို တိုးချဲ့ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ လမ်းကြမ်းကားအမျိုးအစားကိုတော့ ရုရှားနိုင်ငံက အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်ထားပြီး တန်ဖိုးကလည်း ချိုသာတာကြောင့် ဝယ်ယူချင်သူ အမြောက်အမြားရှိနေတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Jalopnik
0 comments:
Post a Comment