Powered by Blogger.

လစဉ်ကြေးပေးသွင်းသုံးစွဲတဲ့သူ ၁၁ သန်းအထိရှိလာတဲ့ Apple Music



Apple Music ဟာဆိုရင်တော့ ဒီလအတွင်းမှာတင် လစဉ်ကြေးပေးသွင်းသုံးစွဲတဲ့သူ အရေအတွက်တစ်သန်းထပ်တိုးလာခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတိုးမြှင့်လာမှုကြောင့် Apple Music ဟာ အခကြေးငွေပေးပြီး သုံးစွဲတဲ့သူ ၁၁ သန်းအထိရှိလာခဲ့ပြီး ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန်တိုးတက်လာမယ်လို့လည်း တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ကာလတွေတုန်းကတော့ အခကြေးငွေပေးပြီး သုံးစွဲတဲ့သူ ဆယ်သန်းရှိနေတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့ပြီး သူတို့ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ Spotify ကတော့ သုံးစွဲသူ ၂၅ သန်းအထိ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

Apple Music ဟာဆိုရင်တော့ မကြာခင်မှာလည်း သုံးစွဲသူတွေ အကြိုက်ဖြစ်စေမယ့် Apple Music  ကို သုံးလ အခမဲ့သုံးစွဲခွင့်ကိုလည်း ကြေညာသွားဖို့ ရှိနေပါသေးတယ်။

ဒီလိုသုံးစွဲသူအရေအတွက်တိုးလာရတာကတော့ Apple ဟာ ထိုင်ဝမ်နဲ့ တူရကီတို့မှာ မကြာသေးခင်ကမှ Apple Music ဝန်ဆောင်မှုကို တရားဝင်ဖွင့်လှစ်ပေးခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။

Apple Music ဟာ နိုဝင်ဘာလအတွင်းမှာလည်း Android စနစ်နဲ့ အသုံးပြုသူတွေအတွက် Apple Music အက်ပလီကေးရှင်းကို အသုံးပြုလို့ရအောင် ကြိုးပမ်းသွားဖွယ်ရှိပြီး လက်ရှိ Apple Music ကိုတော့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။


( Paing A K )



#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mashable

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment