Powered by Blogger.

ဖုန်းတွေကို အားသွင်းနိုင်မယ့် ဖိနပ်



Wisconsin-Madison တက္ကသိုလ်က ပညာရှင်တွေကတော့ လမ်းလျှောက်နေရင်းနဲ့ မိုဘိုင်းဖုန်းကို အားသွင်းနိုင်မယ့် ဖိနပ်ကို တီထွင်လိုက်ပါတယ်။ ဒီနည်းပညာဟာဆိုရင်တော့ သင့်အတွက် ပါဝါဘန့်တွေ ၊ အခြားအပိုပစ္စည်းတွေ ဆောင်စရာမလိုတော့ဘဲ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ရဲ့ဖုန်းလည်း အားပြည့်သွားစေမှာဖြစ်ပါတယ်။

ဒီနည်းပညာဟာဆိုရင်တော့ မြေပြင်သွားစစ်သားတွေအတွက် အလွန်အသုံးတည့်မှာဖြစ်ပြီး သူတို့ရဲ့ ရေဒီယိုတွေ ၊ GPS စနစ်တွေကို အားပြန်ဖြည့်ဖို့အတွက် လေးလံတဲ့ ဘက်ထရီတွေ သယ်ဆောင်သွားရမှုကနေလည်း ကင်းဝေးသွားစေမှာဖြစ်ပါတယ်။

ပညာရှင်တွေဖြစ်ကြတဲ့ Tom Krupenkin နဲ့ J Ashley Taylor တို့ကတော့ လူသားတွေရဲ့ အရွေ့စွမ်းအင်ကနေ အီလက်ထရောနစ်ပစ္စည်းတွေကိုအားသွင်းနိုင်မယ့် လျှပ်စစ်စွမ်းအားကို ရယူနိုင်အောင် ကြိုးစားကြည့်ခဲ့ကြတာဖြစ်ပါတယ်။

 ဒီရဲ့ အားသွင်းနိုင်မယ့် ဖိနပ်ခုံထဲမှာတော့ လမ်းလျှောက်နေတဲ့ အချိန်မှာ လူတွေကနေ ထုတ်လွှတ်တဲ့ အရွေ့စွမ်းအင်တွေကို လျှပ်စစ်စွမ်းအင်အဖြစ် ဂျင်နရေတာက ကူးပြောင်းပေးမှာပါ။ ပြီးရင်တော့ ဖိနပ်ခုံထဲက ဘက်ထရီက သိုလှောင်ပေးထားပြီး လိုအပ်တဲ့အချိန်မှာတော့ USB ပလပ်ကနေပြီးတော့ အားအလွယ်တကူသွင်းနိုင်မှာ ဖြစ်ပါတယ်။

လူတွေလမ်းလျှောက်တဲ့အချိန်မှာ ခြေလှမ်းတစ်လှမ်းကနေ အပူစွမ်းအင် ၁၀ ဝပ်ကို ထုတ်လုပ်ပေးပါတယ်။ ဝပ် ၂၀ လောက်ဆိုရင်တော့ ဘက်ထရီအပြည့်ဖြစ်သွားပါပြီ။ ၂ ဝပ်လောက်နဲ့ မိုဘိုင်းဖုန်းကို အားအပြည့်သွင်းလို့ ရပါတယ်။

ဒီဖိနပ်မှာ စွမ်းအင်ကိုတော့ နာနိုဖလင်ပြားဖုံးအုပ်ထားတဲ့ လျှပ်ရည်တွေက အေ၇ွ့စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတဲ့နည်းပညာကို သုံးထားတာဖြစ်ပါတယ်။
လက်ပ်တော့တွေ ၊ တက်ဘလက်တွေနဲ့ ဓာတ်မီးတွေကိုရော အားသွင်းလို့ ရမှာဖြစ်တယ်လို့ ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment