Powered by Blogger.

Lenovo Vibe P1 Turbo စမတ်ဖုန်းကို စတင်ဖြန့်ချိ



Lenovo ကုမ္ပဏီကတော့ သူတို့ရဲ့ Turbo မျိုးဆက်ဖုန်းတွေကို ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ ငွေရောင် ၊ ရွှေရောင် ၊ မီးခိုးရောင်စတဲ့ အရောင်သုံးရောင်နဲ့ ရရှိနိုင်တဲ့ ဒီဖုန်းကိုတော့ မကြာခင်မှာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ Micro Sim ကတ် နှစ်ကတ် အသုံးပြုနိုင်မှာဖြစ်ပြီး Lenovo Vibe P1  နဲ့ ယှဉ်ရင်တော့ ကင်မရာ ပိုကောင်းလာတာကိုပဲ ထူးခြားချက်အနေနဲ့တွေ့ရမှာပါ။

RAM ကတော့ 2GB / 3GB အစရှိသဖြင့် ကွဲပြားသွားမှာဖြစ်ပြီး ကျောဘက်ကင်မရာကတော့ 16 MP အထိ ပါဝင်လာတာကိုတွေ့ရပါတယ်။ 4G စနစ်အထိ ထောက်ပံ့ထားမယ့် ဒီဖုန်းဟာဆိုရင်ောတ့ Android ဗားရှင်းအနေနဲ့ 5.1 Lollipop ဗားရှင်းပါဝင်လာမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 4900mAh အထိ ပါဝင်လာတာကြောင့် ကြာရှည်အသုံးစွဲသူတွေအတွက်တော့ အဆင်ပြေစေမှာဖြစ်ပါတယ်။

Full HD နဲ့ ပြသမယ့် ၅.၅ လက်မအကျယ် မျက်နှာပြင်ကို ဒီဖုန်းမှာတွေ့ရမှာဖြစ်ပြီး (1080×1920 pixels ) အထိ ကြည်လင်တဲ့ မျက်နှာပြင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ပရော်ဆက်ဆာကတော့ Snapdragon 615 octa-core ကို အသုံးပြုထားခဲ့ပြီး ဖုန်းပါရင်းစွဲ memory ကတော့ 32 GB အထိရှိနေမှာဖြစ်ပါတယ်။ Storage ကိုတော့ 128 GB အထိ ထပ်တိုးနိုင်ပြီး အသုံးပြုမယ်ဆိုရင်တော့ microSD ကတ်ကို သုံးစွဲပေးရမှာဖြစ်ပါတယ်။

Selfie ကင်မရာကတော့ 5 MP သာပါဝင်လာမှာ ဖြစ်တာကြောင့် အကောင်းဆုံးပုံရိပ်ကိုတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။ အာရုံခံစနစ်တွေအနေနဲ့ကတော့ အမြန်နှုန်း ၊ ထိတွေ့မှုနဲ့ အလင်းရောင်စတာတွေကို ခြေရာခံပေးနိုင်မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment