Powered by Blogger.

G5 ကို မဖြန့်ချိမီ LG က X Cam နဲ့ X Screen အမည်ရ ဖုန်းတွေကို မိတ်ဆက်



လာမယ့် ကမ္ဘာ့မိုဘိုင်းကွန်ဂရက် (MWC) မှာတော့ LG က သူတို့ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ဖုံးတစ်လုံးဖြစ်လာမယ့် LG G5 ကို ဖြန့်ချိသွားမှာဖြစ်တယ်လို့ ကြေညာထားခဲ့ပါတယ်။ အခုအချိန်မှာတော့ LG က သူတို့ ကြိုတင်ကြေညာထားခြင်းမရှိတဲ့ အလယ်အလတ်တန်းစားဖုန်းနှစ်လုံးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ဒီဖုန်းတွေကတော့ LG X Cam နဲ့ LG X Screen တွေဖြစ်ပြီး  ဒီဖုန်းတွေရဲ့ သတင်းအချက်အလက်အတိအကျကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်မယ့် MWC မှာမှ ပြောပြသွားမှာ ဖြစ်တယ်လို့လည်း LG က ကြေညာပါတယ်။

X Cam နဲ့ X Screen တို့ဟာဆိုရင်တော့ RAM 2 GB , အမည်ကြေညာထားခြင်းမရှိတဲ့ ပရော်ဆက်ဆာ ၊ ဖုန်းသိုလှောင်နိုင်မှု 16 GB တို့ ပါဝင်လာမှာဖြစ်ပြီး  4G NETWORK ကို ထောက်ပံ့ပေးနိုင်မယ့် LTE စနစ်နဲ့ ဖန်နဲ့ ဖိုက်ဘာ သတ္တုစပ်ကိုယ်ထည်တို့နဲ့ ပြုလုပ်ထားတဲ့ ANDROID  စနစ်သုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။

X Cam နဲ့ X Screen တို့ရဲ့ ခြားနားချက်ကတော့ X Cam မှာ ကျောဘက်ကင်မရာ နှစ်လုံးပါဝင်လာပြီး 13 MP တစ်လုံးနဲ့ 5 MP တစ်လုံးတို့နဲ့အတူ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ရိုက်ကူးနိုင်မှာဖြစ်သလို အလင်းရောင်အားနည်းနေရင်လည်း ပုံရိပ်တွေကို ကြည်လင်အောင် ရိုက်ကူးနိုင်မယ့် အားသာချက်တွေရှိလာမှာဖြစ်ပါတယ်။ အခုလိုကျောဘက်ကင်မရာနှစ်လုံးဟာဆိုရင်တော့ iPhone 7 နဲ့ အဓိကသတင်းတွေ ထွက်ခဲ့ပေမယ့်လည်း LG က အခုလိုအမှတ်မထင် ကြေညာလိုက်တာဖြစ်ပါတယ်။

X Screen ကတော့ မျက်နှာပြင်ကျယ်ဖုန်းတစ်လုံးဖြစ်ပြီး ၄.၉ လက်မရှိတဲ့ မျက်နှာပြင်နဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ X Screen ဟာ အမြဲတမ်းပြသနေမယ့် မျက်နှာပြင်ပါဝင်လာမှာပါ။ ဒီအမြဲပြမျက်နှာပြင်မှာတော့ ဖုန်းဘက်ထရီအခြေအနေ ၊ နာရီနဲ့ ဖုန်းရဲ့ တစ်ခြားအခြေအနေတွေကို ပြသပေးမှာဖြစ်ပါတယ်။

ဒီဖုန်းနှစ်လုံးရဲ့ ဈေးနှုန်းကလည်း သင့်တင့်နိုင်တယ်လို့ သတင်းတွေက ခန့်မှန်းနေကြပြီးတော့ အသေးစိတ်အချက်အလက်ကိုတော့ LG က MWC မှာမှ ထုတ်ဖော်ပြောကြားမှာလည်း ဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gizmodo

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment