Powered by Blogger.

တရုတ်နိုင်ငံမှာ အင်တာနက် နဲ့ ပတ်သက်တဲ့ ဆင်ဆာ ပိတ်ဆို့မှု တွေ ပိုမို တင်းကျပ်



တရုတ်နိုင်ငံရဲ့  အင်တာနက် ဆင်ဆာပိတ်ဆို့မှု သတ်မှတ်ချက်တွေဟာ ပိုမိုတင်းကျပ်လာခဲ့ပြီး နိုင်ငံခြား ကုမ္မဏီတွေအပေါ်ပါ သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။

မတ်လက စတင်ပြီး နိုင်ငံခြား လုပ်ငန်းတွေဟာ သူတို့ရဲ့  ဖန်တီးမှု Content တွေကို စာနယ်ဇင်း ၊ ပုံနှိပ်လုပ်ငန်း ၊ ရေဒီယို ၊ ရုပ်ရှင် နဲ့ တယ်လီဗေးရှင်းဆိုင်ရာ ပြည်နယ် ခွင့်ပြုချက် ဌာန ရဲ့  ခွင့်ပြုမှုမရပဲ ပုံနှိပ်ဖော်ပြခွင့်မရှိတော့ဘူးလို့ EFE သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီ သတ်မှတ်ချက်အသစ်ဟာ ပြည်တွင်း အစိုးရ ကို ပုံနှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာ လုပ်ပိုင်ခွင့်လျှော့ချလိုက်တာ လည်း ဖြစ်ပါတယ်။

ပြည်မကြီးထက်စာရင် စာနယ်ဇင်း လွတ်လပ်ခွင့် ပိုမို ရရှိထားတဲ့ ဟောင်ကောင်မြို့ ရဲ့  နည်းပညာနဲ့ စာနယ်ဇင်း ကျွမ်းကျင်သူတွေ ပြောကြားထား တာကတော့ ထို သတ်မှတ်ချက်ဟာ ဘေဂျင်းမြို့ ရဲ့  အင်တာနက် သုံးစွဲမှုကို ထိန်းချုပ်ဖို့အတွက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၂ ခုနှစ်တုန်းက သတ်မှတ်ထားတဲ့ အင်တာနက် ဆင်ဆာ ကင်းလွတ်ခွင့်မှာတော့ နိုင်ငံခြား လုပ်ငန်းတွေကို အင်တာနက်မှာ တိုက်ရိုက် ပုံနှိပ်ခွင့်ပေးခဲ့ပါတယ်။ မနှစ်က Wuzhen မြို့ မှာကျင်းပခဲ့တဲ့ ကမ္ဘာ့အင်တာနက် ညီလာခံမှာတော့ တရုတ်သမ္မတ စီကျင်းပင်က အင်တာနက်ကို စီမံခန့်ခွဲရာမှာ ပိုမိုကောင်းမွန်တဲ့ အမိန့်တစ်ရပ် ချမှတ်သွားမယ်လို့ ဆိုခဲ့ဖူးပါတယ်။

Great Firewall လို့လူသိများတဲ့ ဆင်ဆာပိတ်ဆို့မှု စနစ် ကို အသုံးပြုထားတဲ့ တရုတ်နိုင်ငံဟာ သမ္မတစီကျင်းပင် အာဏာရခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အင်တာနက်နဲ့ ပတ်သက်ပြီး တားမြစ်ကန့်သတ် မှုကို ပိုမိုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အငြင်းပွားဖွယ် အမျိုးသား ဆိုက်ဘာ လုံခြုံရေး ဥပဒေကိုလည်း ပထမဆုံး အကြိမ် အတည်ပြုသတ်မှတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment