Powered by Blogger.

ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ မောင်းနှင်နိုင်မယ့်ကားကို တီထွင်အောင်မြင်


ဒီနေ့ခေတ်ကားတွေကတော့ မောင်းလိုက်တာနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကိုပဲ ထုတ်လုပ်ပေးနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ အခုဆိုရင်တော့ နောက်ဆုံးတီထွင်မှုတစ်ခုအနေနဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို လျှပ်စစ်စွမ်းအင်အဖြစ် မောင်းနှင်နိုင်မယ့် ကားမျိုးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။


ဒီကားကို မောင်းနှင်ရင်တော့ သင့်ရဲ့ အိတ်ဇောကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထွက်နေမှာမဟုတ်ဘဲ ရေငွေ့တွေသာ ထွက်ရှိနေမှာပါ။ ဒီကားဟာ အကယ်လို့ မတော်တဆမှုတစ်ခုဖြစ်ခဲ့ရင်လည်း လောင်စာဆီအသုံးပြုရတဲ့ ကားတွေလို မီးလောင်ပေါက်ကွဲမှုတွေ ရှိလာနိုင်တော့မှာ မဟုတ်ဘဲ လေထုထဲကို အငွေ့ပျံသွားတဲ့ နည်းပညာကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။ ဟိုက်ဒရိုဂျင်ဟာ မီးလောင်မှုကို အားပေးတဲ့ ဓာတ်ငွေ့တစ်ခုဖြစ်ပေမယ့်လည်း သူတို့ရဲ့ နည်းပညာတွေကြောင့် ကြောက်စရာမရှိတော့ဘူးလို့ DailyMail က ဖော်ပြပါတယ်။



ပစ္စည်းထားတဲ့ အကန့်ထဲမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဖြည့်ထားတဲ့ ဂတ်စ်ဘူးတစ်ခုကို ထားသိုပေးထားမှာဖြစ်ပြီး ဒီဟိုက်ဒရိုဂျင်တွေကို အောက်စီဂျင်နဲ့ ဓာတ်ပြုစေပြီး လျှပ်စစ်စွမ်းအင်ထုတ်ပေးမှာပါ။ ဘေးထွက်ပစ္စည်းအနေနဲ့တော့ ရေသာဖြစ်လာပါလိမ့်မယ်။ ဟိုက်ဒရိုဂျင်တစ်ဂါလံနဲ့ မိုင် ၃၀၀ အကွာအဝေးအထိသွားနိုင်အောင် စီစဉ်ထားပြီး ဘရိတ်အုပ်ရပ်နားနေတဲ့ အချိန်မှာလည်း လောင်စာဆုံးရှုံးမှုကို ၅၀ ရာနှုန်းထိ လျှော့ချပေးနိုင်မှာပါ။


အမြင့်ဆုံးအရှိန်နှုန်းအနေနဲ့တော့ တစ်နာရီကို မိုင် ၆၀ အမြန်နှုန်းနဲ့မောင်းနှင်နိုင်မှာဖြစ်ပြီး ဂီယာတံပါဝင်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဂီယာအစားတော့ ခလုတ်တစ်ချက်နှိပ်ပေးရမှာဖြစ်ပြီး လီဗာပြားနဲ့ ဘရိတ်ခြေနင်းပြားတွေတော့ သာမန်ကားလိုပဲ ပါဝင်လာမှာ ဖြစ်ပါတယ်။
ပြင်ဆင်စရိတ်နဲ့ လောင်စာဝန်ဆောင်မှုတွေအတွက် ကားကုမ္ပဏီကနေ တစ်လကို ဒေါ်လာ ၅၀၀ ကောက်ခံသွားမှာဖြစ်ပြီး လောင်စာဖြစ်တဲ့ ဟိုက်ဒရိုဂျင်ကို ပြန်ဖြည့်နိုင်ဖို့အတွက်တော့ အင်္ဂလန်တစ်နိုင်ငံလုံးမှာ ၁၃ ဆိုင်သာ ရှိအုံးမှာဖြစ်တာကြောင့် အခက်အခဲရှိနေမှာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment