Powered by Blogger.

Samsung က IOFIT အမည်ရ စမတ်ရှူးကို ထုတ်လုပ်မည်



Samsung ကတော့ MWC မှာ သူ့ရဲ့ ထုတ်ကုန်တွေကပဲ ကြီးစိုးဖို့ ကြိုးစားလျက်ရှိနေပြီး Galaxy S6 နဲ့ S7 ဖုန်းတွေအပြင် ဝတ်ဆင်နိုင်တဲ့ စမတ်ရှူးတစ်ရန်ကိုလည်း ပြသသွားဖို့ စီစဉ်လျက်ရှိပါတယ်။ Salted Venture ဆိုတဲ့ Samsung လက်အောက်ခံ ကုမ္ပဏီတစ်ခုက ထုတ်လုပ်မယ့် ဒီဖိနပ်ဟာ မော်ဒယ်နှစ်မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Fitness အတွက်နဲ့ Golf အားကစားနည်းအတွက်ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

IOFIT လို့အမည်ပေးထားတဲ့ ဒီဖိနပ်ဟာ ဖိအားသိ sensor နဲ့ အရှိန်ကို တိုင်းတာနိုင်မှုတွေ ပြုလုပ်ပေးမှာဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ဆောင်နေစဉ်မှာလည်း သင့်ခြေထောက်နှစ်ဖက်ရဲ့ မျှခြေတွေကိုလည်း တိုင်းတာပေးမှာပါ။ လေ့ကျင့်ခန်းလုပ်ဆောင်နေစဉ်မှာ ဘက်မညီတဲ့ ပြဿနာကိုတော့ ဒီဖိနပ်က အကောင်းဆုံးဖြေရှင်းပေးသွားနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်တွေကို ရရှိနိုင်ဖို့ အက်ပလီကေးရှင်းတစ်ခုနဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး သင့်ရဲ့ ဘယ်လိုပုံစံအနေအထားက အမှန်ကန်ဆုံးဖြစ်လဲဆိုတာကို ဖုန်းကနေတစ်ဆင့်သိရှိနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့တော့ fitness shoe အတွက် ၁၉၉ ဒေါ်လာသတ်မှတ်ထားပြီး Golf shoe အတွက်တော့ ၂၅၉  ဒေါ်လာဆိုပြီး သတ်မှတ်ထားပါတယ်။

သင့်ရဲ့ လေ့ကျင့်ခန်းပြုလုပ်မှုတွေအတွက်တော့ ဒီဖိနပ်က အသင့်တော်ဆုံးဖြစ်စေမှာ ဖြစ်ပြီး အကောင်းဆုံး ရလဒ်တွေရရှိအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကိုလည်း ဒီဖိနပ်က ပြတဲ့ သင့်အခြေအနေကို ကြည့်ပြီး ထိန်းညှိနိုင်မှာပါ။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment