Powered by Blogger.

iPhone ရဲ့ အချိန်ကို ဇန်န၀ါရီ ၁ ရက်နေ့၊ ၁၉၇၀ ခုနှစ်လို့ ပြောင်းမိပါက ပါဝါပြန်မတက်တဲ့ bug ဖြစ်နေ



ဒါကို စမ်းမလုပ်ကြည့်မိပါနဲ့လို့ ကြိုသတိပေးပါရစေ။

iOS 8.0 နှင့်အထက်က iPhone ၊ iPad နဲ့ iPod တွေမှာ အချိန်ကို ရနိုင်သမျှ အဝေးဆုံးအချိန်ကို မိမိဘာသာ ပြောင်းလိုက်ပါက ဖုန်းပါဝါပြန်မတက်တော့တဲ့ bug တစ်ခုကို ရှာတွေ့ထားတယ်လို့ သိရပါတယ်။

ယခု bug ကို 4chan ၀က်ဆိုဒ်ကနေ စတင်ခဲ့တာဖြစ်ပြီး၊ တခြားလူတွေကိုလည်း အချိန်ပြောင်းကြည့်ဖို့ ချောက်တွန်းထားတာတွေ့ရပါတယ်။

Youtube မှာ တင်ထားတဲ့ဗီဒီယိုအရ iPhone ရဲ့ အချိန်ကို အဝေးဆုံးအချိန်ကာလတစ်ခုဆီ မိမိဘာသာ ပြောင်းလိုက်တာက ဖုန်းကို ချက်ချင်းအကျိုးသက်ရောက်မှုမရှိပေမယ့်၊ ဖုန်းကို ပါဝါပိတ်ပြီး၊ ပြန်ဖွင့်ကြည့်တဲ့ အခါမှာတော့ Apple တံဆိပ်သာပေါ်ပြီး ဖုန်းက ပြန်တက်မလာတော့တာကို တွေ့ရပါတယ်။

ဖုန်းကို ကွန်ပြူတာနဲ့ ပြန်ချိတ်ရင်လည်း ပြန်တက်မလာဘဲ၊ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဖုန်းဘက်ထရီကို ပြန်ဖြုတ်ပြီး၊ ပြန်တပ်မှ ရပါတယ်။

ယခု bug ဟာ iOS 8,9 အထက်က iPhone ၊ iPod Touches ၊ iPad ၊ iPad Air ၊ iPad စတဲ့ ဖုန်းတွေ တက်ဘလက်တွေမှာ ရှိနေတယ်လို့ သိရပါတယ်။

( Ye Wint ) 

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment