Powered by Blogger.

Google က Apple ကို ကျော်တက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ကုမ္ပဏီဖြစ်လာ



တနင်္လာနေ့က ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရတော့ Google ကုမ္ပဏီဟာဆိုရင်တော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီဖြစ်လာခဲ့ပြီး လေးနှစ်အတွင်းမှာ Apple ကုမ္ပဏီကို ကျော်တက်လာနိုင်ခဲ့ပါတယ်။

ဒီလိုမျိုးပြောင်းလဲလာမှုဟာဆိုရင်တော့ ၂၀၁၀ ပြည့်နှစ်တုန်းက တန်ဖိုးအကြီးဆုံးဖြစ်ခဲ့တဲ့ Microsoft ကို အချက်ပေးလိုက်သလို ဖြစ်စေခဲ့ပြီး Google ကတော့ အကောင်းဆုံးအခြေအနေတစ်ခုကို လက်ရှိကာလမှာ ရရှိထားခဲ့တာပဲဖြစ်ပါတယ်။

Google ဟာ အခုလို တန်ဖိုးကြီးလာရတာကတော့ ၂၀၀၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Android စနစ်ရဲ့ အောင်မြင်မှုတွေက အဓိက အခရာကျခဲ့ပါတယ်။  iPhone တွေကို ထုတ်လုပ်ပြီး iOS စနစ်နဲ့ အောင်မြင်ခဲ့တဲ့ Apple ဟာဆိုရင်တော့ နောက်ဆုံးသုံးလအတွင်းမှာ ဖုန်းရောင်းအားတွေ ကျဆင်းလာခဲ့တာကြောင့် အခုလို နေရာဖယ်ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

Apple ဟာဆိုရင်တော့ ၁၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဝင်ငွေကျဆင်းခဲ့ရတာဖြစ်ပြီး တန်ဖိုးအကြီးဆုံးနေရာကလည်း ဖယ်ပေးခဲ့ရတာဖြစ်ပါတယ်။ Apple ဟာဆိုရင်တော့ နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရ အခွန်ဆောင်ပြီး တန်ဖိုး ဒေါ်လာ ၅၃၄ ဘီလျံအထိ တန်ဖိုးရှိခဲ့ပြီး Google ကတော့ ရှယ်ယာဈေးတွေ ခြောက်ရာနှုန်းအထိ ခုန်တက်ခဲ့တာကြောင့် တန်ဖိုးဒေါ်လာ ၅၅၄ ဘီလျံအထိရှိခဲ့တယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment