Powered by Blogger.

အကောင့်မရှိသေးတဲ့သူတွေကို ပိုမိုဆွဲဆောင်နိုင်မယ့် တွစ်တာရဲ့ homepage ဒီဇိုင်းသစ်


ကမ္ဘာကျော်လူမှုကွန်ယက်စာမျက်နှာတစ်ခု ဖြစ်တဲ့ တွစ်တာဟာဆိုရင်တော့ offline နဲ့ သုံးစွဲနေသူတွေအတွက် ပိုပြီးသုံးလို့ကောင်းစေမယ့် homepage (ပင်မစာမျက်နှာ) ဒီဇိုင်းသစ်ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

အကယ်လို့သင်ဟာ Log In မဝင်ထားတာမျိုး ၊ အကောင့်မရှိသေးတာမျိုးဆိုရင်လည်း တွစ်တာက သူ့ရဲ့ homepage မှာ တကယ်အသုံးပြုနေသူတွေရဲ့ tweet တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

သင်ဟာ homepage ကို refresh ထပ်လုပ်လိုက်တာနဲ့ တွစ်တာအတွင်းမှာ အသစ်ထပ်တင်ထားတဲ့ အနုပညာရှင်တွေနဲ့ ကျော်ကြားသူတို့ရဲ့ နောက်ဆုံး tweet တွေ ၊ သတင်းဝက်ဘ်ဆိုက်တွေရဲ့ နောက်ဆုံးရဖော်ပြချက်တွေကို ထပ်ပြီးပြသပေးသွားမှာဖြစ်ပါတယ်။

တွစ်တာဟာဆိုရင်တော့ သူတို့ရဲ့ ဒီပင်မစာမျက်နှာ ဒီဇိုင်းကို အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ စမ်းသပ်ကြည့်ခဲ့ပြီး အခုဆိုရင်တော့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ဒီလုပ်ဆောင်ချက်ကို တွေ့မြင်နေရပြီဖြစ်ပါတယ်။

တွစ်တာကတော့ သူ့ရဲ့ဝက်ဘ်ဆိုက်မှာ “ကျွန်တော်တို့ တွစ်တာကို ပိုတိုးတက်လာအောင်လုပ်လိုက်ပါပြီ။ ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ လူတွေဆီကို ကျွန်တော်တို့ရဲ့ tweet တွေကတော့ ပျံ့နှံ့လာအုံးမှာဖြစ်ပါတယ်။ တွစ်တာကို အမှန်တကယ်အသုံးပြုနေသူတွေရဲ့ tweet တွေကို အပြင်ကနေမြင်နေရမှာဖြစ်ပြီး သူတို့ဘာတွေဖြစ်နေတယ် ၊ ဘာတွေလုပ်နေတယ်ဆိုတာကို သိရှိနိုင်တော့မှာပါ။ သင်ရဲ့ နေရာပေါ်မူတည်ပြီးတော့လည်း ပြသမယ့် tweet တွေက ကွဲပြားသွားနိုင်ပါတယ်” လို့ ကြေညာခဲ့ပါတယ်။

အခုအချိန်မှာဆိုရင်တော့ တွစ်တာအသုံးပြုသူဟာ သန်း ၃၂၀ အထိရှိလာခဲ့ပြီး တဖြည်းဖြည်းလည်း ကျယ်ပြန့်လာခဲ့ပါတယ်။ အရင်တုန်းကတော့ တွစ်တာရဲ့ ပင်မစာမျက်နှာမှာ Log In ဝင်ဖို့ box တွေကိုပဲ တွေ့ခဲ့ရပေမယ့်လည်း အခုအချိန်မှာတော့ tweet တွေကိုတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။

သူတို့ရဲ့ အခုလို ဒီဇိုင်းသစ်ဟာဆိုရင်တော့ တွစ်တာအသုံးမပြုဖူးတဲ့သူတွေကို ပိုမိုဆွဲဆောင်သွားတော့မှာဖြစ်ပြီး တွစ်တာသုံးတဲ့ဦးရေကလည်း ပိုမိုများပြားလာနိုင်မယ်လို့ တွစ်တာရဲ့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : ibtimes
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment