Powered by Blogger.

Yahoo က ဝန်ထမ်းဦးရေ ၁၇၀၀ ကို လျှော့ချခဲ့ရ

Yahoo ရဲ့ CEO ဖြစ်သူ Marissa Mayer


အင်အားကြီး နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Yahoo ဟာဆိုရင်တော့ သူတို့ရဲ့ ဝန်ထမ်းအင်အား ၁၇၀၀ လောက်ကို လျှော့ချခဲ့ရပြီး CEO တစ်ယောက်ဖြစ်တဲ့ Marissa Mayer ဟာ ဆိုရင်လည်း သူ့ရဲ့ရာထူးဆက်လက်တည်မြဲနိုင်ဖို့ ကြိုးစားနေရတယ်လို့ သိရပါတယ်။

ကြိုတင်မျှော်မှန်းထားတဲ့အတိုင်းပဲ Yahoo ကုမ္ပဏီဟာဆိုရင်တော့ သူတို့ရဲ့ ဝန်ထမ်းအင်အား ၁၅ ရာနှုန်းလောက်ကို လျှော့ချခဲ့ရပြီး ကုမ္ပဏီရဲ့ အသုံးစရိတ်တွေကို လျှော့ချခဲ့ပါတယ်။ Yahoo ဟာဆိုရင်တော့ နောက်ပိုင်းမှာ ငွေကြေးအကျပ်အတည်းတွေဖြစ်ပေါ်လာပြီး CEO ဖြစ်သူ Marissa Mayer ရဲ့လက်ထက်မှာ ကြော်ငြာရောင်းအားတွေ ကျဆင်းခဲ့ရပါတယ်။

အခုလို ဝန်ထမ်းတွေ လျှော့ချလိုက်ပြီးတဲ့နောက်မှာတော့ Mayer ဟာ ကုမ္ပဏီရဲ့ရှယ်ယာပိုင်ဆိုင်ထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားပြီး Yahoo ကို ပြန်ပြီး ဦးမော့လာအောင်လုပ်ဆောင်သွားတော့မှာပါ။ သူမဟာ CEO အဖြစ် သုံးနှစ်ခွဲကြာတည်ရှိနေပြီးတဲ့နောက်မှာတော့ Yahoo ရဲ့ ဝင်ငွေကျဆင်းမှုကို ဒေါ်လာသုံးဘီလျံလောက်အသုံးပြုပြီး ပြန်လည်တည်ဆောက်သွားတော့မှာ ဖြစ်ပါတယ်။

Yahoo ဟာဆိုရင်တော့  လုပ်ဆောင်ချက်အသစ်တွေ ၊ ဒီဇိုင်းသစ်တွေကို လာမယ့်ကာလတွေမှာ မိတ်ဆက်သွားတော့မှာဖြစ်ပြီးသူတို့ရဲ့ ငွေကြေးအသွားအလာကို  ပြန်လည်ထိန်းချုပ်သွားတော့မှာလည်း
ဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Foxnews
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment