Powered by Blogger.

LG G5 ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မိတ်ဆက်မည်



တောင်ကိုးရီးယားနာမည်ကျော် ဖုန်းတစ်မျိုးဖြစ်တဲ့ LG ဟာဆိုရင်တော့ သူတို့ရဲ့ နောက်ဆုံးပေါ် G5 ဖုန်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်မယ့် ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်းမှာ အထင်ကရဖုန်းနှစ်မျိုးကို ထုတ်လုပ်မယ်လို့ ထုတ်ပြန်ထားတဲ့ LG ဟာဆိုရင်တော့ ဒီဖုန်းနှစ်လုံးထဲက တစ်လုံးဖြစ်တဲ့ LG G5 ကိုတော့ လာမယ့် ရက်တွေအတွင်းမှာ မိတ်ဆက်သွားတော့မယ်ဆိုတာကို တရားဝင် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒီရဲ့ LG G5 ဖုန်းမှာဆိုရင်တော့ ကျောဘက်ကင်မရာ 16 Mega Pixels အထိပါဝင်လာမယ်လို့ ခန့်မှန်းနေကြပြီး ကင်မရာရဲ့ အကျယ်ကလည်း ၁၇၅ ဒီဂရီလောက်ရှိနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ သတင်းရင်းမြစ် အချို့ကတော့  ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်လုံးအထိ ပါဝင်လာနိုင်ပြီးတော့ ပုံရိပ်တွေကို ပြတ်ပြတ်သားသား ဖမ်းယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်အကျယ်ကတော့ ၅.၃ လက်မရှိပြီး QHD Display နဲ့ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။ G5 ဟာ LG G4 ရဲ့ ၅.၅ လက်မ မျက်နှာပြင်ထက်တော့ သေးငယ်သွားပေမယ့်လည်း လုပ်ဆောင်ချက်တွေကို ထည့်သွင်းဖော်ပြထားခြင်းမရှိတဲ့ Magic Slot လို့အမည်ပေးထားတဲ့ အထည့်အသွင်းပြုလုပ်နိုင်တဲ့ အံတစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။

မျက်နှာပြင်ကတော့ “Ticker Display” (160×1040 pixels ) နဲ့ ပြသသွားမှာဖြစ်ပြီး LG ရဲ့ V 10 ဖုန်းလို မျက်နှာပြင်ကြည်လင်မှုရှိမှာဖြစ်ပါတယ်။ ပရော်ဆက်ဆာအနေနဲ့တော့ Snapdragon 820 SoC ကို အသုံးပြုထားပြီး Android ဗားရှင်းကတော့ Marshmallow 6.0 ဖြစ်ပါတယ်။ RAM ကတော့ 3 GB ရှိပြီး ဖုန်းသိမ်းဆည်းနိုင်မှုကတော့ 32 GB အထိပါဝင်လာမယ်လို့ ဖော်ပြထားကြပါတယ်။

ဖုန်းဘက်ထရီကတော့ 2800mAh သာပါဝင်လာမှာဖြစ်တာကြောင့် G4 ရဲ့ 3000mAh ဘက်ထရီထက်တော့ စွမ်းဆောင်ရည် လျော့နည်းနိုင်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment