Powered by Blogger.

Windows 10 စနစ်နဲ့ ထွက်ရှိလာတဲ့ VAIO ရဲ့ ပထမဆုံးစမတ်ဖုန်း


Microsoft ရဲ့ Windows မိုဘိုင်းစနစ်ဟာ အောင်မြင်မှုမရဘူးလို့ လူတော်တော်များများဆိုနေကြပေမယ့်၊ ဂျပန်မှာတော့ Windows 10 ဖုန်းကိုင်ထားသူအရေအတွက်က အခိုင်အမာရှိနေတာကို တွေ့ရပါတယ်။

Sony ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပြီး၊ ယခုအခါ Japan Industrial Partners ကို ရောင်းချထားတဲ့ ဂျပန်အခြေစိုက်လက်ပ်တော့နဲ့စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီ VAIO ဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံးစမတ်ဖုန်းဖြစ်တဲ့ VAIO Phone Biz ကို Windows 10 စနစ်နဲ့ စတင်ထုတ်လုပ်လိုက်ပါတယ်။

VAIO ဟာ ကျစ်လျစ်ပါးလျတဲ့လက်ပ်တော့တွေ ထုတ်လုပ်မှုပိုင်းမှာ နာမည်ရပြီးသားအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး၊ ယခုဖုန်းမှာလည်း  လက်ပ်တော့တွေလိုပဲ ကောင်းမွန်စွာတည်ဆောက်ထားတာကိုတွေ့ရပါတယ်။ မျက်နှာပြင်က ၅.၅ လက်မရှိပြီး 1080p LCD မျက်နှာပြင်ဖြစ်ပါတယ်။ 13 megapixels ပါရှိတဲ့ကျောကင်မရာပါရှိပြီး၊ RAM ကလည်း 3 GB ၊ ပရိုဆက်ဆာကလည်း Qualcomm Snapdragon 617 ပရိုဆက်ဆာကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းကောင်းမွန်ပါတယ်။

Microsoft ရဲ့ Lumia Windows 10 စမတ်ဖုန်းတွေကို မနှစ်ခြိုက်သူတွေအတွက်၊ VAIO Phone Biz က ထူးခြားမှုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး၊ Windows 10 မိုဘိုင်းစနစ်အသုံးပြုသူဦးရေလည်း များပြားလာစေနိုင်ပါတယ်။

VAIO ဟာ Phone Biz Windows 10 ဖုန်းကို ယန်းငါးသောင်း(ငါးသိန်းနှစ်သောင်းကျပ်ဝန်းကျင်)နဲ့ ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technologhy.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment