မထွက်ခင်တည်းက ကောလဟလတွေ ၊ သတင်းတွေ မျိုးစုံကျယ်ကျယ်ပြန့်ပြန့် ထွက်ရှိခဲ့တဲ့ LG G5 ကိုတော့ MWC မှာ မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းလောကကို ကိုင်လှုပ်နိုင်မယ့် ဖုန်းတစ်လုံးလို့ ညွှန်းရလောက်အောင် သူ့မှာ ပါရှိတဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို ကောင်းမွန်တာကိုလည်း တွေ့ရပါတယ်။
LG ရဲ့ G စီးရီးစမတ်ဖုန်းတွေဟာဆိုရင်တော့ Samsung ရဲ့ Gallaxy မျိုးဆက်လိုမျိုး နာမည်ကျော်ဖုန်းတွေ ဖြစ်ခဲ့ပြီး အခု MWC မှာလည်း LG နဲ့ SAMSUNG တို့ရဲ့ တောင်ကိုးရီးယား အားပြိုင်မှုတွေကို တွေ့မြင်ရပါတယ်။
G5 ဟာဆိုရင်တော့ LG ကနေ ပထမဆုံးထုတ်လုပ်တဲ့ သတ္တုကိုယ်ထည်ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းပိုင်းကတော့ G4 နဲ့ အတော်လေးတူညီမှုရှိတာကို တွေ့ရပါတယ်။
LG G5 မှာ ပြောင်းလဲမှုအဖြစ်ဆုံးတွေ့ခဲ့ရတာကတော့ “MAGIC SLOT” လို့ ခေါ်ဆိုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အဲ့ဒီရဲ့ “MAGIC SLOT” နဲ့အတူ ပရော်ဖက်ရှင်နယ် ကင်မရာလို ရိုက်ကူးနိုင်မယ့် CAM PLUS ၊ LG HIFI PLUS လို့ ခေါ်ဆိုတဲ့ HIFI အသံစနစ်ကို ပေးစွမ်းနိုင်မယ့် စပီကာ ၊ 360 ကင်မရာနဲ့ G5 ဖုန်းနဲ့သာ တွဲဖက်ကြည့်ရှုနိုင်မယ့် VR HEADSET တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
![]() |
Always On Display |
မျက်နှာပြင် စွမ်းဆောင်ရည်ကို တစ်ချက်ကြည့်လိုက်မယ်ဆိုရင်တော့ ၅.၃ လက်မအကျယ် မျက်နှာပြင်ပါဝင်လာမှာဖြစ်ပြီး ဖုန်းရဲ့ အစွန်းထောင့်တွေအထိ မျက်နှာပြင် ဧရိယာက ကျယ်ပြန့်တာကိုတွေ့ရပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုကတော့ သင့်အနေနဲ့ ဖုန်းကို အသုံးမပြုချိန်မှာလည်း အမြဲတမ်းပြသနေမယ့် ALWAYS-ON DISPLAY ပါဝင်လာတာပါ။
ဒီရဲ့ လုပ်ဆောင်ချက်မှာတစ်နာရီကို ဘက်ထရီရဲ့ ၀.၈ ရာနှုန်းသာ သုံးစွဲသွားမယ့် SECONDARY ချစ်ပ်ကို အသုံးပြုထားပြီး ဖုန်းရဲ့ NOTIFICATION တွေ အချိန်တွေကို မနားတမ်းဖော်ပြပေးနေမှာဖြစ်ပါတယ်။ AMOLED ပြသမှုကို အသုံးပြုထားတာကြောင့် RESOLUTION အကောင်းဆုံးဖုန်းတစ်လုံးအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ ခြစ်ရာပွန်းရာ မထင်နိုင်တဲ့ GORILLA GLASS 4 ဖန်သားမျက်နှာပြင်ကိုလည်း အသုံးပြုထားပါတယ်။
ကင်မရာကတော့ ကျောဘက်မှာ နှစ်လုံးပါဝင်ပြီး ကျွန်တော်တို့ မျက်လုံးရဲ့ မြင်ကွင်းထက် ပိုပြီး ကျယ်ပြန့်တဲ့ 135 ဒီဂရီအကျယ် ပုံရိပ်တွေကို ဖမ်းယူရရှိနိုင်မှာဖြစ်ပါတယ်။ ကင်မရာက အဓိက ပစ်မှတ်ထားတဲ့ ပုံရိပ်ကိုတော့ 16 MP ရှိတဲ့ ကင်မရာနဲ့ ရိုက်ကူးပေးသွားမှာဖြစ်ပြီး ပိုကျယ်ပြန့်မယ့် မြင်ကွင်းကိုတော့ 8 MP ရှိတဲ့ ကင်မရာက ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။ SELFIE ကင်မရာကတော့ 8 MP ရှိတာကြောင့် အတော်လေးကို SELFIE ဆွဲလို့ ကောင်းမယ်လို့ ထင်မိပါတယ်။
ဘက်ထရီကတော့ 2800MAH ဘက်ထရီကို အသုံးပြုထားလို့ နည်းတယ်လို့ ဆိုစရာရှိပေမယ့်လည်း ပိုပြီးစွမ်းဆောင်ရည် မြင့်မားတဲ့အပြင် ဘက်ထရီ အသုံးပြုမှုကို လျှော့ချပေးနိုင်မယ့် Qualcomm Snapdragon 820 ချစ်ပ်ကို အသုံးပြုထားတာကြောင့် သင့်တော်တဲ့ ပမာဏလို့ပဲပြောရပါလိမ့်မယ်။ RAM အနေနဲ့တော့ 4 GB အထိပါဝင်လာမှာဖြစ်ပြီး Internal Storage အနေနဲ့ 32 GB ပါဝင်ပြီး Micro SD Card လည်းထပ်စိုက်နိုင်ပါတယ်။ ဖုန်းရဲ့ System ပိုင်းအနေနဲ့ Latest Android OS ဖြစ်တဲ့ Android 6.0 Marshmallow ကိုအသုံးပြုထားပါတယ်။ USB Port ကတော့ USB Type-C ပါဝင်လာတာဖြစ်ပါတယ်။
Finger Print Sensor ကိုလည်း ကျောဘက်ကင်မရာရဲ့ အောက်မှာ ထည့်သွင်းပေးထားပြီး နည်းပညာတွေအတော်လေးစုံလင်တဲ့ ဖုန်းတစ်လုံးဖြစ်တာကို တွေ့ရပါတယ်။
ဖုန်းကိုတော့ ပန်းရောင် ၊ ရွှေရောင် ၊ ကျောက်မီးသွေးရောင်နဲ့ ငွေရောင်ဆိုပြီး အရောင်စုံပုံစံနဲ့ ထုတ်လုပ်ထားပါတယ်။
ဒီဖုန်းကိုကြည့်ရတဲ့ ပုံအရတော့ သေနတ်တစ်လက်လို ဖြုတ်နိုင်တပ်နိုင်ပြီး အပိုပစ္စည်းတွေကို သုံးစွဲနိုင်မယ့် ပုံစံဟာဆိုရင် မိုဘိုင်းလောကမှာ မရှိသေးတဲ့ ပုံစံဖြစ်တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge, Tech Radar
0 comments:
Post a Comment