Powered by Blogger.

Skype က အုပ်စုဖွဲ့ပြီး ဗီဒီယိုခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မယ့် လုပ်ဆောင်ချက်သစ်ကို စတင်မိတ်ဆက်



အရင်လအနည်းငယ်အတွင်းက Skype မှာ အုပ်စုဖွဲ့ပြီး ဗီဒီယိုခေါ်ဆိုမှုပြုလုပ်နိုင်တော့မယ်  ဆိုတဲ့ သတင်းကို ရေးသားခဲ့ဖူးပါတယ်။

အခုဆိုရင်တော့ Skype ဟာ ဒီလို အုပ်စုလိုက် ဗီဒီယိုခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်တော့မယ့် လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

 Android နဲ့ iOS နှစ်မျိုးလုံးမှာ ရရှိနိုင်မယ့် ဒီဗီဒီယိုခေါ်ဆိုမှုဟာဆိုရင် ၂၅ ယောက်အထိ အုပ်စုလိုက်စကားပြောဆိုနိုင်ပြီး ကိုယ်နဲ့ ထိပ်တိုက်တွေ့ဆုံနေရသလို အရသာကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

1080p အထိကို ကြည်ကြည်လင်လင်နဲ့ စကားပြောဆိုနိုင်မှာဖြစ်တာကြောင့် Skype ရဲ့ အခုလို လုပ်ဆောင်ချက်ဟာဆိုရင်တော့ အောင်မြင်မှုတွေရရှိနိုင်ဖို့ အလားအလာတွေ တွေ့မြင်နေရပါတယ်။

ဒီလို အုပ်စုဖွဲ့စကားပြောရာမှာဆိုရင်တော့ Skype မှာ အကောင့်မပြုလုပ်ရသေးတဲ့သူတွေကိုလည်း ဖိတ်ခေါ်နိုင်ပြီး သင့်အနေနဲ့ ဗီဒီယိုခေါ်ဆိုမှုပြုလုပ်နေတဲ့ Skype ရဲ့ link ကို အခြား မက်ဆေ့ခ်ျစနစ်ကနေ ပို့ဆောင်နိုင်ပြီး ဖိတ်ခေါ်ခံရတဲ့သူက ကလစ်လုပ်လိုက်တာနဲ့ အုပ်စုလိုက်စကားဝိုင်းထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။

Microsoft ရဲ့ လက်အောက်ကိုရောက်ရှိလာတဲ့ Skype ဟာဆိုရင်တော့ Intel ရဲ့ ပရော်ဆက်ဆာတွေ အသုံးပြုထားတဲ့ Azure cloud server တွေမှာ SILK Super Wide audio codec နဲ့ ချိတ်ဆက်ထားတာကြောင့် တစ်ခြား ခေါ်ဆိုမှုတွေထက် အဆများစွာ ကြည်လင်ပြတ်သားနေမှာဖြစ်တယ်လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment