Powered by Blogger.

Samsung က သူတို့ရဲ့ ကိုယ်ပိုင် music app တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်နေ



Samsung ကတော့ သူတို့ရဲ့ နောက်ဆုံးထွက် Samsung Galaxy S7 ဖုန်းနဲ့ Samsung ရဲ့ Android Marshmallow ဗားရှင်းဖုန်း တွေမှာ အသုံးပြုနိုင်မယ့် သီချင်းအက်ပလီကေးရှင်းတစ်ခုကို တီထွင်ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Samsung Music လို့ အမည်ရတဲ့ ဒီအက်ပလီကေးရှင်းကိုတော့ စမ်းသပ်နေဆဲဖြစ်ပြီး အစမ်းသုံးဗားရှင်းအနေနဲ့ အရင်ဆုံးထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

MP3, WMA, AAC နဲ့ FLAC ဖိုင်တွေကို ဒီအက်ပလီကေးရှင်းမှာ အသုံးပြုနားထောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Samsung ကတော့ သင့်ကို အသစ် အသစ်တွေကို ပေးစွမ်းနိုင်ဖို့ အစဉ်အမြဲ ကြိုးစားနေလျက်ရှိပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment