Powered by Blogger.

ခေါက်သိမ်းထားချိန်မှာ ဖုန်းပုံစံဖြစ်နေမယ့် သေနတ်ကို တီထွင်



နိုင်ငံတကာမှာ သေနတ်ယူဆောင်ခွင့်ကို တင်းကြပ်ပိတ်ပင်ထားတာတောင် သေနတ်ပစ်ခတ်မှုတွေကတော့  ခပ်စိတ်စိတ်ဖြစ်ပေါ်နေပါတယ်။

အခုဆိုရင်တော့ သေနတ်လို့မထင်ရဘဲ ဖုန်းတစ်လုံးလို့ထင်ရအောင် ခေါက်သိမ်းထားနိုင်မယ့် သေနတ်တစ်လက်ကတော့ လုံခြုံရေးတာဝန်ရှိသူတွေအတွက် ခေါင်းခြောက်စရာအနေနဲ့ ထွက်ပေါ်လာပါပြီ။ အခုထုတ်လုပ်လိုက်တဲ့ ဖုန်းပုံစံသေနတ်ဟာ ပစ္စတိုသေနတ် အမျိုးအစားဖြစ်ပြီး ခေါက်သိမ်းထားချိန်မှာ သေနတ်အဖြစ် ရိပ်မိနိုင်ဖို့ အတော်လေးကို ခဲယဉ်းပါလိမ့်မယ်။



ဒီသေနတ်ကိုတော့ “Ideal Conceal Pistol” (ဟန်ဆောင်မှုအကောင်းဆုံးပစ္စတိုသေနတ်)လို့ အမည်ပေးထားပါတယ်။ ဒီသေနတ်ကို တီထွင်ထုတ်လုပ်ခဲ့သူကို မေးမြန်းခဲ့ရာမှာတော့ သူရှေ့မှာ ကလေးတစ်ယောက်က ခေါက်သေနတ်ကို ဆော့ကစားနေရာကနေ အကြံဥာဏ်ရရှိခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒီသေနတ်ကို တရားဝင်ထုတ်လုပ်ဖို့တော့ အတော်လေးကို အခက်အခဲ့ ကြုံတွေ့ရတယ်လို့ ပြောပါတယ်။

ဒီသေနတ်ဟာဆိုရင်တော့ သေနတ်ပြောင်းနှစ်ပြောင်းပါ ပစ္စတိုတစ်လက်ဖြစ်ပြီး ခေါက်ထားပြီး ပစ်ခတ်မယ့်အချိန်မှာလည်း ကျည်ဆံနှစ်တောင့်ကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီသေနတ်ရဲ့ ပုံစံကတော့ ခန့်မှန်းခြေအနေနဲ့သာ ထွက်ရှိသေးတာဖြစ်ပြီး ထုတ်လုပ်ဖို့အတွက်တော့ အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီသေနတ် တီထွင်သူကတော့ အမေရိကန်နိုင်ငံကဖြစ်ပြီး ဒေသဆိုင်ရာ ဥပဒေအရတော့ ဒီလိုမျိုး ခေါက်သိမ်းမှုပြုလုပ်တာကို တရားဝင်ခွင့်ပြုမထားဘူးလို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Mashable

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment