Powered by Blogger.

Instagram က Desktop ဗားရှင်းမှာ notifications tab ကို ထည့်သွင်း



Instagram ဟာ အက်ပလီကေးရှင်းတစ်ခုအနေနဲ့သာ စတင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ Desktop ဗားရှင်းအတွက်လည်း ပိုပြီးကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို တစ်ဖြည်းဖြည်းထည့်သွင်းလာနေပါတယ်။

အခုလောလောဆယ်မှာတော့ Instagram က နောက်ဆုံးပြင်ဆင်မှုအနေနဲ့ notifications tab ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။


ဝက်ဘ်ဆိုက်ရဲ့ ညာဘက်ထောင့်မှာ ကိုယ့်ရဲ့ ပရိုဖိုင်ကို ကြည့်နိုင်တဲ့ လူပုံလေးရှိပါတယ်။ အခုဆိုရင်တော့ အဲ့ဒီရဲ့ လူပုံဘေးမှာ notification tab လေးတစ်ခုပါ ထပ်တိုးလာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ပုံကို ဘယ်သူတွေက Like ပေးသွားတယ် ၊ comment ပေးသွားတယ်ဆိုတာကို အဲ့ဒီရဲ့ notifications tab မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါဟာဆိုရင်တော့ Instagram ရဲ့ မိုဘိုင်းဗားရှင်းမှာ ယခင်တည်းက ရှိနေတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး Desktop ဘက်ကိုလည်း Instagram က  အာရုံစိုက်လာတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Independent

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment