Powered by Blogger.

သင်မသိသေးတဲ့ မိုဘိုင်းဖုန်းရဲ့ အသုံးဝင်တဲ့ အချက်လေးချက်



သင့်ဖုန်းကို အသုံးပြုပြီး အရေးပေါ် အခြေအနေတွေမှာ လုပ်ဆောင်နိုင်တဲ့ အရာတချို့ရှိနေပါတယ်။ သင်တစ်ခုခုဖြစ်လာတဲ့အခါမှာဆိုရင်တော့ ပျာယာခတ်နေစရာမလိုဘဲ မိုဘိုင်းဖုန်းက ကူညီပေးနိုင်တာတွေရှိနေပါတယ်။

၁။ Emergency ဖြစ်လာရင်

မိုဘိုင်းလ်ဖုန်းတွေအတွက် ကမ္ဘာတစ်ဝှမ်း အရေးပေါ်ဖုန်းနံပါတ် (Emergency Number) ကတော့ 112 ပါ။ အကယ်လို့ သင်က ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေရင်တောင်  112 ကို ခေါ်လိုက်ပါ။ အနီးနားမှာရှိနေတဲ့ ဘယ် အရေးပေါ်ဖုန်းနံပါတ် (Emergency Number) မဆို ရှာဖွေပေးပါလိမ့်မယ်။

၂။ ကားထဲမှာ သော့ကျန်ပြီး ပိတ်မိခဲ့ရင်


သော့ကို ကားထဲ သော့ပိတ်မိပေမယ့်လည်း အရန်သော့ကတော့ အိမ်မှာ ရှိနေတယ်ဆိုရင် အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်ပါ။ ဖုန်းကို ကားတံခါးနဲ့ ၁ ပေကွာလောက်မှာ ကိုင်ထားပြီး အိမ်ကလူကို အဖွင့်ခလုတ်လေး နှိပ်ခိုင်းလိုက်တာနဲ့ ကားတံခါးပွင့်သွားမှာပါ။

၃။ ဘက်ထရီအား ပြန်ရအောင်

ဖုန်းဘက်ထရီအားက လျော့နေပြီး လတ်တလောလည်း အားမသွင်းနိုင်သေဘူးဆိုရင်တော့ အရေးပေါ်ဘက်ထရီအားကို Activate လုပ်ဖို့အတွက် *3370# ကို ခေါ်လိုက်ပါ။ ဖုန်းကrestart ဖြစ်ပြီး ဘက်ထရီမှာ 50% တက်သွားတာ ပြသပါလိမ့်မယ်။ အဲဒီလို ဖဲ့သုံးထားတာကိုတော့ နောက်တစ်ခါအားပြန်သွင်းရင် ပြန်ဖြည့်ပေးပါလိမ့်မယ်။

၎။ အခိုးခံရတဲ့ ဖုန်းကို သုံးမရအောင် လုပ်နည်း

မိမိမိုဘိုင်းလ်ဖုန်း 'serial number' စစ်ဆေးဖို့အတွက် *#06# ကို နှိပ်ပါ။ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီနံပါတ် သင့်ဟန်းဆက်အတွက် တစ်ခုတည်းရှိတဲ့အရာ ဖြစ်ပါတယ်။

အဲ့ဒီရဲ့ ဂဏန်းတွေကို မှတ်ထားပြီး ဖုန်းအခိုးခံရတဲ့အခါ service provider ကို ဖုန်းဆက်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီ code နံပါတ် ပေးနိုင်ပါတယ်။ ခိုးတဲ့သူက SIM ကဒ်လဲလှယ်ရင်တောင် ဟန်းဆက်ကို block လုပ်ပေးလို့ ရနိုင်ပြီး ဖုန်းက အကျိုးမဲ့ သက်သက် ဖြစ်သွားပါလိမ့်မယ်။

ဖုန်းကို ပြန်ရ နိုင်ခြေ မရှိပေမယ့်လည်း ခိုးတဲ့သူက သုံးလို့မရသလို၊ ပြန်ရောင်းလို့လည်းမရတာမျိုးတော့ ဖြစ်သွားမှာပါ။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: ideadigezt
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment