Powered by Blogger.

iPhone 7ရဲ့ပြိုင်ဘက် HTC One M10 ရဲ့ရောင်းချမယ့်ရက်စွဲ၊ဓာတ်ပုံ၊ဈေးနှုန်းတွေနဲ့သတင်းတွေ ထွက်ပေါ်


HTC ဟာ smatphone တွေထဲကမှ iPhone ရဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ်ဖုန်းတစ်ခုဖြစ်တဲ့ HTC ဟာ ပြီးခဲ့တဲ့လက Mobile World Congress Eventမှာ ဖုန်းအသစ်ကို ကြေညာဖို့နောက်ကျခဲ့ပါတယ်။အဲဒီအစားသူရဲ့ Virtual Reality Headsetsကို ထိုးဖောက်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေက HTCဟာ ဖုန်းရဲ့ ဒီဇိုင်းနဲ့အသုံးပြုနိုင်မှုပေါ်ကိုပဲ အဓိကထားခဲ့ပါတယ်။

Metalကိုယ်ထည်နဲ့ဒီဇိုင်းထုတ်ထားတဲ့ HTC One M8နဲ့ M9တွေက Iphoneနဲ့ယှဉ်ရင် ငွေကြေးသက်သာပေမယ့် Samsung Galaxy Seriesကို ထိုးဖောက်ဖို့ကျရှုံးခဲ့ပါတယ်။

ဒါပေမယ့် HTCဟာ ယခုနှစ်မှာ ပိုမိုကောင်းမွန်ပြီး iPhoneနဲ့ယှဉ်ပြိုင်ထိုးဖောက်မယ့် HTC M10 ကို ရောင်းချတော့မှာဖြစ်ပါတယ်။
HTC M10ကို Aprilလ မှာထွက်မယ်လို့မျှော်မှန်းထားပြီး ၁၁ရက်နေ့ကို ခန့်မှန်းထားပါတယ်။

အစောပိုင်းကြေညာထားတဲ့ Aprilရက်စွဲက အတိအကျသာဖြစ်မယ်ဆိုရင် HTCကို လကုန်ဒါမှမဟုတ်မေလအစထိ ၀ယ်ယူလို့ရဦးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

 
HTC M9 ကိုပြီးခဲ့တဲ့နှစ်က ရောင်းချတဲ့အခါ ၅၇၉ ယူရို နဲ့ ရောင်းချခဲ့တာဖြစ်လို့ ယခုM10 တန်ဖိုးက ယူရို ၅၀၀ကနေ၆၀၀ကြားရှိနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သင့်တင့်တဲ့ကင်မရာနဲ့ ပိုပြီးပါးလွှာတဲ့ အလယ်အလတ်တန်းစားဖုန်း HTC One A9ကိုမိတ်ဆက်ခဲ့ပြီး အဲဒါက Iphoneနဲ့အတော်အတန်တူပါတယ်။ကျွမ်းကျင်သူတွေကတော့ HTC M10က A9ကနေ ပုံစံယူထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးထွက်ဓာတ်ပုံတွေအရ M10အလူမီနီယမ်ကိုယ်ထည်နဲ့ပြုလုပ်ထားပြီး သေးငယ်တဲ့ထောင့်တွေပါဝင်ပါတယ်။ထောင့်ကွေးတွေဟာ အ၀ိုင်းပုံစံဖြစ်ပြီးသတ္တပုံစံဖြစ်တာကြောင့် ဖုန်းရဲ့ဒီဇိုင်းကို ပြောင်းသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

စမတ်ဖုန်းတွေရဲ့အဓိက Featureဖြစ်တဲ့လက်ဗွေစနစ်လည်းကောင်းမွန်စွာပါရှိပါတယ်။ကောလဟာလတွေအရ ဖုန်းရဲ့အရှေ့ဘက်မှာ Home Keyလည်းပါမယ်လို့ ဆိုပါတယ်။

Venture Beat ဆိုက်ရဲ့အဆိုအရ အသစ်ထွက်ရှိမယ့်ဖုန်းမှာ ၅.၁လက်မ မျက်နှာပြင်ပါရှိမှာဖြစ်ပြီး resolutionကတော့ 1440 2560ဖြစ်ပါတယ်။ဒါ့အပြင် A-top-of –the –line Snapdragon CPUနဲ့Ram 4GBပါမယ်လို့သိရပါတယ်။အဆိုပါ ၀က်ဘ်ဆိုက်ကM10မှာ 12 Ultrapixelရှိတဲ့cameraပါမယ်လို့မျှော်မှန်းထားပါတယ်။

Ultrapixel တွေဟာ HTC ကိုယ်ပိုင် တီထွင်ချက်တွေလည်းဖြစ်ပါတယ်။ HTCဖုန်းတွေမှာ တခြားအဆင့်မြင့်စမတ်ဖုန်းတွေထက်ပိုပြီးကြီးမားတဲ့  အလင်းဖမ်းနိုင်တဲ့pixelတွေပါဝင်နေပါတယ်။

ဒီသတင်းတွေဟာ မှန်မမှန်စောင့်ကြည့်ရမှာဖြစ်ပြီး HTCကတော့ ၂၀၁၆စမတ်ဖုန်းလောကရဲ့စောင့်ကြည့်ရမယ့်အထဲမှာ ပါဝင်နေပါတယ်။
ယခုလောလောလတ်လတ်ထွက်ရှိထားတဲ့ Samsung Galaxy S7ကတော့ ဝေဖန်ရေးဆရာတွေကြားထဲ နာမည်ကောင်းရနေပြီး အသစ်ထွက်ရှိမယ့်Iphone 7နဲ့ပတ်သက်ပြီးကောလဟာလအမျိုးမျိုးတွေလည်း ထွက်ပေါ်နေပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment