Powered by Blogger.

မကြေညာရသေးတဲ့ HTC 10 အတွက် ပုံအမြောက်အမြား ပေါက်ကြားလာ



ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက်မှာ Samsung နဲ့ LG တို့က သူတို့ရဲ့ အဓိကစမတ်ဖုန်းတွေကို ကြေငြာခဲ့ပေမယ့် HTC ကတော့ သူတို့ အဓိကစမတ်ဖုန်းတွေကို မထုတ်ဖော်ခဲ့ပါဘူး။ ဒါပေမယ့် ယခုအခါမှာတော့ “HTC 10” စမတ်ဖုန်းအတွက် ကောလာဟလနဲ့ ပုံတွေအများအပြားပေါက်ကြားလာခဲ့ပါတယ်။

ဒီဖုန်းဟာ “HTC One M10” လို့ထင်စရာ ရှိပေမယ့် တကယ်တမ်းကျတော့ ကွဲပြားပါတယ်။ ပုံတစ်ပုံမှာတော့ HTC 10 ဟာ Home Button အဖြစ် Physical Button တစ်မျိုးပါဝင်လာခဲ့ပြီး သာမန် Home ကီးတစ်ခုသာမက HTC One A9 လိုမျိုး Finger Print ဆန်ဆာ ပါဝင်လာမယ်လို့ ထင်ရပါတယ်။

ဒီပစ္စည်းဟာ HTC အရင်ထုတ်ခဲ့တဲ့ ဖုန်းတွေဖြစ်တဲ့ A9 နဲ့ M9 တို့ကြားထဲက ဒီဇိုင်းတစ်မျိုးနဲ့ ဖောက်ထွက်လာခဲ့တာဖြစ်ပါတယ်။ HTC ထုံးစံအတိုင်း ဝန်းဝိုင်းတဲ့ အကွေးတွေနဲ့ အလျူမီနီယံကိုယ်ထည် ပါဝင်မှာဖြစ်ပါတယ်။

စပီကာပိုင်းမှာတော့ Boom Sound စပီကာတွေအစား အောက်ဖက်မှာ စပီကာတစ်လုံးသာပါဝင်တာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ Laser Auto Focus ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။ HTC ရဲ့ ဖုန်းသစ်ဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးကြွလာတာပါပဲ။ ဒါပေမယ့် သူတို့အနေနဲ့ ဘယ်တော့ ထုတ်လုပ်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။

Credit - digitaltimes.com.mm
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment