Powered by Blogger.

iPhone 7 မှာ သတ္တုရည်ကိုယ်ထည်ပါဝင်လာနိုင်ပြီး ဒီဇိုင်းပိုင်းအကြီးအကျယ်ပြောင်းလဲလာနိုင်



ထွက်ရှိလာမယ့် iPhone 7 ဟာဆိုရင်တော့ သတ္တုရည် (liquid metal)  လို့ ခေါ်ဆိုတဲ့ ဖန်နဲ့ အခြားသတ္တုစပ်ကို ကိုယ်ထည်ပိုင်းမှာ အသုံးပြုလာနိုင်ပြီး တစ်ခြား အသံတိုးလျှော့ခလုတ်တွေ ၊ Home ခလုတ်တွေ ပါဝင်လာဖွယ်မရှိတော့ဘူးလို့လည်း သိရပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်ဟာဆိုရင်လည်း အကွေးပုံသဏ္ဍာန်ဖြစ်လာနိုင်ပြီး ပုံသဏ္ဍာန်အနေအထားက အတော်လေးကို ပြောင်းလဲလာမယ်လို့ သတင်းတွေက ပြောပါတယ်။ ဒီလိုမျိုး သတ္တုရည်ကိုယ်ထည်ကို အသုံးပြုသွားနိုင်ဖို့အတွက် iPhone ဟာ မူုပိုင်ခွင့်တင်သွားဖွယ်ရှိပြိး အဆင်ပြေခဲ့မယ်ဆိုရင်တော့ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

Apple ဟာဆိုရင်တော့ သူတို့ရဲ့ အထင်ကရ home button နဲ့ တစ်ခြား button တွေအတွက် pressure ကို အာရုံခံနိုင်တဲ့ နည်းပညာကို အသုံးပြုသွားဖွယ်ရှိနေတာကြောင့် ခလုတ်တွေကို iPhone 7 မှာတွေ့မြင်ရဖွယ်မရှိဘူးလို့လည်း သိရပါတယ်။

iPhone 7 မှာ ဆိုရင်တော့ headset နားကြပ်ပေါက်လည်း ပါဝင်လာဖွယ်မရှိသလို ကျောဘက်ကင်မရာဟာဆိုရင်လည်း lens နှစ်လုံးကို အသုံးပြုသွားနိုင်တယ်လို့လည်း ဆက်စပ်သတင်းတွေအရ သိရှိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment