Powered by Blogger.

Instagram မှာ ဗီဒီယိုဖိုင်ကို တစ်မိနစ်စာအထိ တိုးမြှင့်ဝေမျှနိုင်ပြီ



Instagram ကတော့ နောက်ဆုံးထွက်ရှိလာတဲ့ ဗားရှင်းမှာ ဗီဒီယိုဖိုင်ကို အရင်က ခွင့်ပြုထားတဲ့ ကြာချိန်ရဲ့ လေးဆအထိ တိုးမြှင့် မျှဝေခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ ၁၅ စက္ကန့်စာ ဗီဒီယိုဖိုင်တွေ တင်နိုင်ခဲ့ရာကနေ တစ်မိနစ်စာအထိ အခုလိုပဲ တိုးမြှင့်တင်ခွင့် ပြုလိုက်တာပါ။

ဒီလိုလုပ်ဆောင်ချက်ကိုတော့ Android ရော ၊ iOS မှာပါ တစ်ပြိုင်တည်းရရှိသွားမှာလည်းဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ လူတစ်ချို့သာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်သေးပေမယ့် နောက်ပိုင်းမှာတော့ verified ဖြစ်ထားတဲ့ အသုံးပြုသူတွေရော ရိုးရိုးအသုံးပြုသူတွေပါ ဒီလုပ်ဆောင်ချက်သစ်ကို အသုံးပြုသွားနိုင်မှာပါ။

ဒီလိုမျိုးလုပ်ဆောင်ချက်ဟာဆိုရင်တော့ Instagram က ကြော်ငြာရှင်တွေအတွက်တော့ ပျော်စရာဖြစ်ခဲ့ပြီး သင့်အနေနဲ့လည်း Instagram မှာ ဒီစက္ကန့်ခြောက်ဆယ်စာ ဗီဒီယိုကိုတော့ ကြော်ငြာတွေနဲ့ အရင်ဆုံးမြင်တွေ့ရမှာပါ။

Instagram ဟာဆိုရင်တော့ ဗီဒီယိုတွေ အရည်အသွေးကောင်းရရှိဖို့လည်း filter ၁၃ ခုကို အသုံးပြုခွင့်ပေးထားခဲ့ပြီး နောက်ပိုင်းမှာတော့ slow-motion လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားခဲ့တာကို တွေ့ရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Venturebeat


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment