Powered by Blogger.

စိတ်ကူးထဲက အရာဝတ္ထုတွေကို လေထဲမှာရေးဆွဲ ပုံဖော်နိုင်မယ့် 3D Pen



AtmosFlare 3D Pen ကတော့ သင်တွေ့ဖူးတဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေထဲမှာ အလန်းစားဖြစ်နေပါလိမ့်မယ်။ သင့်အနေနဲ့ ဒီ 3D Pen ကို အသုံးပြုပြီး စိတ်ကူးထဲမှာရှိနေတဲ့ ပုံရိပ်တွေကို လေထဲမှာ ရေးဆွဲလိုက်တာနဲ့ သင့်ရဲ့ 3D ပုံကြမ်းတစ်ခုကို ရရှိနိုင်မှာပါ။

ဒီရဲ့ 3D Pen မှာဆိုရင်တော့ အမြန်ဆုံးခြောက်သွေ့သွားမယ့် ပလတ်စတစ် မင် တစ်မျိုးကို အသုံးပြုထားပြီး သုံးစွဲရတာ အတော်လေးကို လွယ်ကူတယ်လို့ သိရပါတယ်။ အတွေးထဲမှာပေါ်ထွက်လာတဲ့ ပုံရိပ်တွေကို နှစ်ဖက်မြင်ပုံရိပ်အနေနဲ့ ပုံကြမ်းချှဆွဲထားတာဟာဆိုရင်တော့ တိကျမှုရှိမှာမဟုတ်ဘဲ ကိုယ့်ရှေ့မှာ 3D ပုံရိပ်တစ်ခုအနေနဲ့ ရေးဆွဲလိုက်မှသာ တိကျမှုရှိနေမှာဖြစ်ပါတယ်။

ဒီ 3D Pen ကိုတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၀ သာ သတ်မှတ်ထားပြီး ပြန်ဖြည့်စွက်ရမယ့် မင်တွေကတော့ အရောင်သုံးရောင်ကို ၁၉ ဒေါ်လာရှိမှာဖြစ်ပါတယ်။ ဒီ Pen ကိုတော့ Amazon ဝက်ဘ်ဆိုက်မှာ ရောင်းချနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : bgr

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment