Powered by Blogger.

Boeing 737 ရဲ့ အင်ဂျင်ခန်းကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ထိုင်ခုံ



ဒီထိုင်ခုံကိုတော့ Boeing 737 ရဲ့ အင်ဂျင်ခန်းဟောင်းကို အသုံးပြုပြီးပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အင်ဂျင်ခန်းကို အခုလို ထိုင်ခုံအဖြစ်ပြောင်းလဲလိုက်တာကတော့ ကြီးမားပြီး အတော်လေးကို ဇိမ်ကျမယ့် ပုံစံကို ရောက်ရှိသွားခဲ့တာကို တွေ့ရပါတယ်။ ခြောက်ပေခွဲအမြင့်ရှိပြီး ခြောက်ပေခွဲကျယ်တဲ့ ဒီအင်ဂျင်ခန်းအတွင်းကို ထိုင်လို့ကောင်းသွားအောင် ရေမြှုပ်တွေ တပ်ဆင်ထားလိုက်ပြီး ဇိမ်ခံထိုင်ခုံကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာပါ။

Boeing ရဲ့ အင်ဂျင်ခန်းတွေဟာ တစ်ခြားလေယာဉ်ရဲ့ အင်ဂျင်တွေနဲ့မတူဘဲ အဝိုင်းပုံစံမဟုတ်တာကြောင့် အခုလို ထိုင်ခုံအဖြစ်ပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ခြားလေယာဉ်တွေရဲ့ အင်ဂျင်ခန်းတွေကတော့ အဝိုင်းပုံသဏ္ဍာန်ရှိပြီး Boeing ရဲ့ အင်ဂျင်ခန်းပိုင်းကတော့ အောက်ခြေနားမှာ အနည်းငယ်ပြားသွားခဲ့တာကို တွေ့ရပါတယ်။

ဒါ့ကြောင့် အဆင်ပြေပြေထိုင်လို့ရတဲ့ ထိုင်ခုံအဖြစ် ဒီအင်ဂျင်ခန်းက တည်ရှိနေတာပဲဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment