Powered by Blogger.

ထွက်ရှိလာမယ့် Galaxy Note 6 မှာ 6GB RAM နဲ့ ဘက်ထရီပမာဏများများပါဝင်လာမည်



Samsung ဟာ ဆိုရင်တော့ သူတို့ရဲ့ နောက်ဆုံးထွက်ဖုန်း အနေနဲ့ ထွက်ရှိလာမယ့် Galaxy Note 6 မှာဆိုရင်တော့ RAM အနေနဲ့ 6GB အထိပါဝင်လာမှာဖြစ်ပြီး ဘက်ထရီပမာဏအနေနဲ့တော့ 4000 mAh အထိပါဝင်လာဖွယ်ရှိတယ်လို့ နောက်ဆုံးထွက် ခန့်မှန်းမှုတွေအရ သိရပါတယ်။

Samsung ဟာဆိုရင်တော့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy S7 Edge မှာ 3600 mAh ဘက်ထရီကို အသုံးပြုထားခဲ့တာပါ။ ဒါ့ကြောင့် Galaxy Note 6 ဟာ Samsung ရဲ့ ဖုန်းတွေထဲမှာ ဘက်ထရီပမာဏ အကြီးဆုံးဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

Galaxy Note 6 ဟာဆိုရင်တော့ မျက်နှာပြင်အကျယ် ၅.၈ လက်မ အထိပါဝင်လာနိုင်ပြီး 1,440 x 2,560 pixels ရုပ်ထွက် resolution အထိပါဝင်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ RAM အနေနဲ့တော့ 6GB ပါဝင်လာနိုင်ပြီး သိုလှောင်နိုင်မှု 32 GB အထိပါဝင်လာမယ်လို့ ဒီရဲ့ ကောလဟလတွေက ဖော်ပြထားပါတယ်။

အခုထက်ထိတော့ Samsung က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေမယ့် ဒီကောလဟလတွေကလည်း အမြဲမှန်ကန်နေတတ်တာကြောင့် မဖြစ်နိုင်ဘူးလို့လည်း တစ်ထစ်ချပြောကြားနိုင်မှာ မဟုတ်သေးပါဘူး။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technolgy.thithtoolwin.com

Ref : BGR


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment