Powered by Blogger.

Apple က Apple Watch တွေကို iPhone နဲ့ တွဲဖက်အသုံးမပြုတော့ဖို့ စီစဉ်နေ



Apple ကတော့ သူတို့ရဲ့ Apple Watch တွေကို ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုစေဖို့ ဆန္ဒမရှိတော့ဘဲ နာရီချည်းသက်သက်သာ အသုံးပြုနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Apple စောင့်ကြည့်နေသူတွေရဲ့ ရေးသားချက်တွေအရ watchOS 2 မှာ အသုံးပြုနိုင်မယ့် သီးသန့်အက်ပလီကေးရှင်းတွေကို ထုတ်လုပ်ဖို့ Apple က ဆန္ဒရှိနေပြီး မှတ်ပုံတင်မှုတွေကိုတောင် ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple Watch အသုံးပြုသူတိုင်း iPhone နဲ့ ချိတ်ဆက်အသုံးပြုနေရတဲ့ Watch အက်ပလီကေးရှင်းကိုလည်း နာရီမှာ တစ်ပါတည်းထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီလိုပြုလုပ်လိုက်တာဟာဆိုရင်တော့ ကိုယ်လက်လှုပ်ရှားချိန်နဲ့ အားကစားလုပ်ဆောင်မှုတွေ ပြုလုပ်နေချိန်မှာ ဖုန်းကို သယ်ဆောင်သွားစရာလိုအပ်မှာမဟုတ်တော့ဘဲနဲ့ နာရီတစ်လုံးတည်းနဲ့တင် ကိစ္စအားလုံးကို လုပ်ဆောင်သွားနိုင်မှာပါ။

အခုလို အက်ပလီကေးရှင်းအများစုကို Watch အတွက် သက်သက်ထုတ်လုပ်လိုက်တာဟာဆိုရင်တော့ Watch ကို အလုပ်ပိစေသလိုဖြစ်စေပြီး လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွေမှာ နှေးကွေးသွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment