Powered by Blogger.

အကြိမ်ရေနှစ်သိန်းအထိအားသွင်းနိုင်တဲ့ နာနိုဝိုင်ယာဘက်ထရီကို တီထွင်နိုင်ခဲ့



ကျွန်တော်တို့ ဖုန်းတွေမှာ လက်ရှိအသုံးပြုနေတဲ့ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီတွေဟာဆိုရင်တော့ အကြိမ် ၅၀၀၀ ကနေ ၇၀၀၀ အထိ အားသွင်းလိုက်တာနဲ့ စွမ်းဆောင်ရည်တွေကျဆင်းလာပြီး ဘက်ထရီရဲ့ ကြာရှည်ခံမှုကိုပါ ထိခိုက်လာပါတယ်။ အခုအချိန်မှာတော့ ဘက်ထရီလောကကို တစ်ခေတ်ပြန်ပြောင်းလဲပေးနိုင်မယ့် နာနိုဝိုင်ယာ ဘက်ထရီကို တီထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီဘက်ထရီဟာဆိုလို့ရှိရင်တော့ စွမ်းဆောင်ရည်ကျဆင်းဖို့ ခက်ခဲပြီး အကြိမ် ၂ သိန်းလောက်အထိ အားပြန်သွင်းပြီးအသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒီရဲ့ ဘက်ထရီကိုတော့ နာနိုကျွမ်းကျင်ပညာရှင်တွေဖြစ်ကြတဲ့ Reginald Penner နဲ့ ဗီယက်နမ်နိုင်ငံဖွား Mya Le Thai တို့က ကယ်လီဖိုးနီးယားက ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုပြုလုပ်ရင်းနဲ့ အမှတ်မထင်တွေ့ရှိခဲံတာဖြစ်ပါတယ်။

ဘက်ထရီလျှပ်တိုင်တွေမှာ နာနိုဝိုင်ယာမျှင်ပေါင်းများစွာနဲ့ အုပ်မိုးပြုလုပ်ထားပြီး ကြွပ်ဆတ်ပြီး ကျိုးလွယ်တယ်လို့ သိရပါတယ်။ ဘက်ထရီရဲ့ သက်တမ်းကုန်ဆုံးသွားချိန်မှာတော့ အက်ကွဲကြောင်းတွေထင်လာပြီး ပျက်စီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဘက်ထရီဟာဆိုရင်တော့ စွမ်းအင်လေလွင့်မှုမရှိပဲနဲ့ အကြိမ် ၂ သိန်းထိ အားသွင်းနိုင်တာကြောင့် စမတ်ဖုန်းတွေအတွက်ကတော့ အရမ်းကို အကျိုးရှိစေမယ့် ဘက်ထရီအမျိုးအစားဖြစ်လာနိုင်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment