Powered by Blogger.

ရောင်းအားအကောင်းဆုံး ထိပ်တန်းဖုန်းငါးခုမှာ Xiaomi ကို Oppo နဲ့ Vivo တို့ ကျော်တက်



ကမ္ဘာ့ဖုန်းဈေးကွက်ကတော့ ဒီရက်ပိုင်းအတွင်းမှာ လှုပ်ခတ်မှုလှိုင်းတွေ အနည်းငယ်ကြမ်းတမ်းနေခဲ့ပါတယ်။ Apple ကလည်း ရက်ပိုင်းအတွင်းကပဲ ၁၃ နှစ်အတွင်းမှာ ရှယ်ယာဈေးတွေ ကျဆင်းခဲ့ပြီးတဲ့နောက်မှာတော့ ကမ္ဘာ့ရောင်းအားအကောင်းဆုံးဖုန်း ငါးလုံးစာရင်းမှာလည်း အခုလိုပဲ သိသာတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာခဲ့တာပါ။

နိုင်ငံတကာအချက်အလက်ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ပထမလေးလအတွက် ထုတ်ပြန်လိုက်တဲ့  နောက်ဆုံးဖုန်းရောင်းအားစာရင်းမှာတော့ ကမ္ဘာတစ်ဝှမ်း ဖုန်းအလုံးပေါင်း ၃၃၄.၉ သန်းရောင်းချခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၁၅ ပထမလေးလတုန်းကတော့ ၃၃၄.၆ သန်းရောင်းချနိုင်ခဲ့တာကြောင့် အနည်းငယ်တိုးတက်လာတဲ့ အလားအလာကို တွေ့ရပါတယ်။

Oppo နဲ့ Vivo တို့ဟာဆိုရင်တော့ ဖုန်းကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Samsung , Apple နဲ့ Huawei တို့ရဲ့နောက် အဆင့်လေးနဲ့ ငါးနေရမှာ အစဉ်လိုက်ရပ်တည်နေတာဖြစ်ပြီး Samsung ကတော့ ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်လျက်ရှိနေတာပါ။

Oppo နဲ့  Vivo တို့ဟာဆိုရင်တော့ တရုတ်ဈေးကွက်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ လူသိများတဲ့ ဖုန်းတွေဖြစ်ပြီး ဖုန်းဈေးကွက်ဝေစုမှာဆိုရင်တော့ Oppo က ၅.၅ ရာနှုန်းနဲ့ Vivo က ၄.၃ ရာနှုန်းအသီးသီးရှိခဲ့တာပါ။ ဒီအခြေအနေတွေဟာ တစ်နှစ်အတွင်းမှာ သူတို့အတွက်တော့ ရာခိုင်နှုန်းတစ်ရာကျော်အထိကို တိုးတက်လာခဲ့တာဖြစ်ပါတယ်။

Xiaomi နဲ့  Lenovo တို့ကတော့ ရောင်းအားအနည်းငယ်ကျဆင်းခဲ့တာကြောင့် ထိပ်တန်းဖုန်းငါးလုံးစာရင်းကနေ ပြုတ်ကျသွားခဲ့ရပါတယ်။ Xiaomi ဟာ ဒေသန္တရ showroom တွေ များများစားစား မဖွင့်လှစ်နိုင်သေးတာက ရောင်းအားကျဆင်းရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းမှာဆိုရင်တော့ ကမ္ဘာ့ဖုန်း ဈေးကွက်ဝေစုရဲ့ ၂၄.၅ ရာနှုန်းကို Samsung ၊ ၁၅.၃ ရာနှုန်းကိုတော့ Apple ၊ ၈.၂ ရာနှုန်းကို Huawei ၊ ၅.၅ ရာနှုန်းကို Oppo ၊ ၄.၃ ရာနှုန်းကိုတော့ Vivo နဲ့ ကျန် ၄၂.၃ ရာနှုန်းကိုတော့ တစ်ခြားဖုန်းတွေက နေရာယူထားတာဖြစ်ပါတယ်။

အခုလို ထုတ်ပြန်လိုက်တဲ့စာရင်းမှာတော့ နာမည်ကျော်ဖုန်းကုမ္ပဏီ Apple အနေနဲ့ ဈေးကွက်ဝေစု ကျဆင်းလာဖို့ရှိနေပြီး တရုတ်နိုင်ငံတွင်းမှာ ရောင်းအား ၂၀ ရာနှုန်းကျော်အထိကျဆင်းသွားခဲ့တာကြောင့် Apple အနေနဲ့ အခက်ကြုံရဖွယ်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Re code


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment