Powered by Blogger.

Facebook Messenger မှာ အယောက်ငါးဆယ်အထိ အုပ်စုလိုက်စကားပြောနိုင်တော့မည်



တယ်လီနောရဲ့ ဘော်ဒါ pack တွေ ဘာတွေမလိုတော့ပါဘူး။ Messenger မှာ ကိုယ့်သူငယ်ချင်းတွေနဲ့ Group ထောင်ထားတယ်ဆိုရင် တစ်ဝကြီးစကားပြောလို့ရအောင် Facebook က ဖန်တီးပေးလိုက်ပါပြီ။ Messenger နောက်ဆုံးထွက်ဗားရှင်းကို ဒေါင်းလုဒ်တော့ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

အများဆုံး အယောက်ငါးဆယ်အထိ ပြောဆိုလို့ရတဲ့ Group Call လုပ်ဆောင်ချက်မှာဆိုရင်တော့ သင့်အနေနဲ့ ကိုယ့် Group ထဲက လူတွေနဲ့ တစ်ဝကြီးစကားပြောလို့ရမှာပါ။ သင့်အနေနဲ့ ကိုယ့်ရဲ့ chat group ထဲက call ခလုတ်ကိုနှိပ်ပြီး ကိုယ်ပြောချင်တဲ့လူတွေကို ရွေးထုတ်ပြီး ခေါ်ဆိုနိုင်မှာပါ။

အဲ့လိုမျိုး လူဦးရေများများခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စကားပြောတဲ့အချိန်မှာတော့ အနည်းငယ်လုပြောရနိုင်ပြီး တစ်ယောက်တစ်ပေါက်တော့ဖြစ်နေနိုင်ပါတယ်။

Facebook ကတော့ Video call နဲ့ ပတ်သက်ပြီး အခုလို အုပ်စုလိုက် video call လို့ရအောင် အဆင့်မြှင့်တင်မှုတွေကို ပြုလုပ်ဖို့ အစီအစဉ်ရှိ/မရှိ မသိရသေးပါဘူး။ အခုလိုပြုလုပ်လိုက်တာဟာဆိုရင်တော့ Messenger က Skype နဲ့ Google Hangouts တို့ကို ယှဉ်ပြိုင်လိုက်တဲ့ သဘောဖြစ်ပြီး Facebook က သူတို့ရဲ့ မိုဘိုင်းလ်နယ်ပယ်ကို ထပ်ပြီး တိုးချဲ့ချင်သေးတဲ့သဘောလည်းဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)     
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment