Powered by Blogger.

ဈေးနှုန်းအသင့်အတင့်ရှိပြီး Finger print sensor ပါဝင်လာတဲ့ Honor 5C ကို စတင်မိတ်ဆက်




Honor V8 ကို မိတ်ဆက်မှုမပြုလုပ်ခင်မှာတော့ Huawei က Honor 5C ဆိုတဲ့ အလယ်အလတ်တန်းစားဖုန်းတစ်လုံးကို မိတ်ဆက်ပြသလိုက်ပါတယ်။ မျက်နှာပြင်အကျယ် ၅.၂ လက်မရှိပြီး IPS LCD Display ကို အသုံးပြုထားပြီး 1920×1080 အထိ ပြတ်သားမှုရှိတာကို တွေ့ရပါတယ်။

ပရော်ဆက်ဆာကတော့ Huawei ကိုယ်တိုင်လုပ် octa-core Kirin 650 ပရော်ဆက်ဆာကို အသုံးပြုထားပြီး 950 မော်ဒယ်နဲ့ 955 ပရော်ဆက်ဆာတွေနဲ့ ယှဉ်ရင်တော့ အလယ်အလတ်တန်းမှာရှိပါတယ်။ Mali-T830 GPU ချစ်ပ်ကို အသုံးပြုထားပြီး RAM အနေနဲ့ 2GB ၊ သိုလှောင်နိုင်မှုပမာဏအနေနဲ့တော့ 16GB အထိပါဝင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် microSD card ထပ်စိုက်ပြီး အသုံးပြုလို့ ရပါသေးတယ်။





Honor 5C မှာတော့ တန်ဖိုးမြင့်ဖုန်းတွေမှာသာရနိုင်တဲ့ fingerprint စနစ်ပါဝင်ပြီး ဘက်ထရီကလည်း 3000 mAh ပမာဏရှိ ဘက်ထရီကို အသုံးပြုထားပါတယ်။ OS အနေနဲ့တော့ Android 6.0 Marshmallow ကိုအသုံးပြုထားပြီး ကျောဘက်ကင်မရာ 13 MP နဲ့ ဆယ်လ်ဖီကင်မရာကတော့ 8 MP အထိ ရှိတာကို တွေ့ရပါတယ်။

3G စနစ်ကို ထောက်ပံ့နိုင်တဲ့ ဖုန်းနဲ့ ၊ 4G စနစ်ကို ထောက်ပံ့နိုင်တဲ့ဖုန်းဆိုပြီး Honor 5C  ဟာ အမျိုးအစားနှစ်မျိုးနဲ့ ဝင်လာပြီး 3G စနစ်သုံးဖုန်းက ဒေါ်လာ ၁၄၀ နဲ့ 4G စနစ်သုံးဖုန်းက ၁၅၅ ဒေါ်လာသာဈေးရှိတာကြောင့် မြန်မာငွေ တစ်သိန်းခွဲကျော်ကျော်လောက်နဲ့ specification ဖုန်းကောင်းကောင်းတစ်လုံးကို ရရှိနိုင်မှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment