Powered by Blogger.

ဒီဇိုင်းအပြင်အဆင် အကြီးအကျယ်ပြောင်းလဲလာဖွယ်ရှိတဲ့ Instagram



Instagram ကတော့ သူတို့ရဲ့ ဒီဇိုင်းပိုင်းပြောင်းလဲမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းမီဒီယာတွေကတော့ Instagram ရဲ့ ပြောင်းလဲလာနိုင်တဲ့ ဒီဇိုင်းပိုင်းကို ခြေရာခံမိခဲ့ပြီး ပုံရိပ်တွေ ထွက်ပေါ်လို့လာခဲ့ပါတယ်။

ဒါ့ကြောင့် Instagram ရဲ့ အပြာရောင် ဒီဇိုင်းဟာ ဘယ်လိုများပြောင်းလဲလာနိုင်သလဲဆိုပြီး လူတွေက စိတ်ဝင်စားလို့ နေပါတယ်။ အခုပြောင်းလဲမယ့် ဒီဇိုင်းဟာဆိုရင်တော့ ၂၀၁၀ ပြည့်နှစ်တုန်းက Instagram ရဲ့ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်တူသွားပြီး သုံးစွဲသူတွေကို အမြင်အေးစေမယ့် ပုံပေါ်လာပါတယ်။









အခုကျွန်တော်တို့ အပြာရောင်နဲ့မြင်နေရတဲ့ အပိုင်းတွေအားလုံးဟာ အဖြူနဲ့အမည်းပုံစံတွေဖြစ်သွားနိုင်ပြီး မျက်စိသိပ်မနောက်တော့မယ့် အရောင်တွေဖြစ်လာမှာပါ။ ဓာတ်ပုံတွေကို ပြင်ဆင်ချိန်ညှိမယ့် control button တွေဟာဆိုရင်လည်း အဖြူနဲ့အမည်းဖြစ်လာနိုင်ပြီး အသွင်အပြင်လေးတွေ ပြောင်းလဲလာတာကိုလည်း တွေ့ရမှာပါ။


အခြားပြောင်းလဲမှုတွေလည်း ထပ်ရှိလာနိုင်သလို ဒီသတင်းကလည်း အတည်ပြုလို့ မရသေးပါဘူး။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment