Powered by Blogger.

မောက်စ်ကို လက်နဲ့အသုံးမပြုနိုင်သူတွေအတွက် မောက်စ်အစားထိုး မျက်မှန်မောက်စ် Glassouse




လက်ပြတ်ပြီး မသန်စွမ်းဖြစ် နေတဲ့သူငယ်ချင်းတစ်ဦးရဲ့ ကွန်ပျူတာနဲ့ တစ်ခြားအီလက်ထရောနစ်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မဟ်မက်နီမိုလို့အမည်ရတဲ့ အငယ်တန်း အီလက်ထရောနစ်အင်ဂျင်နီယာတစ်ဦးက တွေ့ရှိခဲ့ပါတယ်။

ဒီလိုတွေ့ရှိခဲ့ပြီး များမကြာခင်မှာပဲ သူဟာ မသန်စွမ်းသူတွေအတွက် အီလက်ထရောနစ်ပစ္စည်းအသုံးပြုရာမှာ လက်တစ်ချောင်းလိုပဲ အသုံးပြုနိုင်မယ့် ပစ္စည်းတစ်ခုကို တီထွင်ဖို့ အကြံဥာဏ်ရရှိခဲ့ပါတယ်။

ကွန်ပျူတာ mouse လိုမျိုးအသုံးပြုနိုင်မယ့် Glassouse အမည်ရ မျက်မှန်သဏ္ဍာန်ပစ္စည်းကို အခက်အခဲတွေကြားကနေ နီမိုတစ်ယောက် တီထွင်လိုက်နိုင်တာဖြစ်ပါတယ်။ ဒီမျက်မှန်လေးဟာ ကွန်ပျူတာနဲ့ တစ်ခြား touch-screen အသုံးပြု စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပြီး လက်နဲ့အသုံးမပြုနိုင်တဲ့သူတွေအတွက် အတော်လေးကို အသုံးဝင်တာကို တွေ့ရပါတယ်။

ဒီမျက်မှန်မှာဆိုရင်တော့ မျက်လုံးကို ခြေရာခံနေမယ့် အနီအောက်ရောင်ခြည်သုံးကင်မရာနှစ်လုံးပါဝင်ပြီး မျက်လုံးရဲ့ ရွေ့လျားမှုတွေကို ဖန်သားပြင်ပေါ်မှာ cursor (မြှားဦး)သဏ္ဍာန် ရွေ့လျားမှုအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။



 Click ပြုလုပ်ဖို့အတွက်တော့ နားကြပ် microphone လိုမျိုး အပြာရောင် ရော်ဘာသားတစ်ခုပါဝင်ပြီး ပါးစပ်နဲ့ ကိုက်ပြီး ကလစ်ပြုလုပ်နိုင်မှာပါ။


ဒီရော်ဘာသားဟာဆေးကြောလို့ရနိုင်ပြီး အချက်ပေါင်း ငါးသောင်းအထိ အကိုက်ခံနိုင်ပါတယ်။ အသစ်လည်း လဲလှယ်လို့ရတယ်လို့ သိရပါတယ်။

ဒီမျက်မှန်မောက်စ်ကိုအသုံးပြုနိုင်ဖို့အတွက်တော့ Bluetooth စနစ်နဲ့ ချိတ်ဆက်ရမှာဖြစ်ပြီး စမတ်ဖုန်း ၊ တက်ဘလက်တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီရဲ့ Glassouse ဟာဆိုရင်တော့ ဈေးနှုန်းအနေနဲ့ ၁၄၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး shipping ခကတော့ ဒေါ်လာ ၃၀ လို့ သိရပါတယ်။

ဒီမျက်မှန်ကိုတော့ အလက် ၁၀၀ သာထုတ်လုပ်ရသေးပြီး ရရှိလာတဲ့ အမြတ်ငွေတွေအားလုံးကိုတော့ မသန်စွမ်းရန်ပုံငွေအဖြစ်လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။





( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Digital Trends

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment